ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregory-evich Lukashenko ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသော အထူးလေယာဉ်သည် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံလေပိုင်နက်အတွင်းသို့ စတင်ဖြတ်သန်းဝင်ရောက်လာရာ မြန်မာ့တပ်မတော်(လေ)မှ စတုတ္ထမျိုးဆက်လွန် Su-30 SME ဘက်စုံသုံး အကြီးစားဂျက်တိုက်လေယာဉ် သုံးစင်းက လိုက်ပါခြံရံပျံသန်းကြိုဆိုခဲ့ပြီး နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိဆင်းသက်သည်။
လေဆိပ်သို့ရောက်ရှိစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
သောင်းသောင်းဖြဖြကြိုဆို
ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ကော်ဇောနီလျှောက်လမ်းတစ်လျှောက် အလေးပြုကြိုဆိုကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှတို့ဖြင့် ကြိုဆိုကပြ ဖျော်ဖြေကြကာ ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်းကာ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး ကျန်းမာပါစေ၊ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” ဟုကြွေးကြော်၍လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် နှစ်နိုင်ငံအထိမ်းအမှတ် အလံများစိုက်ထူခြင်း၊ ရောင်စုံမီးအလှဆင်ထားရှိခြင်း၊ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုအား မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါ၏” ဟု ရေးသားဖော်ပြကြိုဆိုထားသည့် LED ပိုစတာကြီးများ စိုက်ထူခြင်းဖြင့်လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုကြသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံမှုမှာ ၂၆ နှစ်တာကာလသို့ရောက်ရှိ ခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး နှစ်ကြိမ်သွားရောက်ခဲ့ပြီး ယခုအခါ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Luka-shenko အနေဖြင့် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ကာ ယခုခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုကာလအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ပထမဆုံးသမိုင်းဝင်ခရီးစဉ်ဖြစ်သည်။ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိစဉ်အတွင်း ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်
ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3363 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
