ဘရူနိုင်းဘုရင်နှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပါဝင်တက်ရောက်
ဘရူနိုင်းဘုရင်နှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပါဝင်တက်ရောက်
Ministry of Information/ Naypyitaw / May 09, 2025

ဘန်ဒါဆရီဘီဂါဝမ် မေ ၈
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့ The Empire Brunei ဟိုတယ်၌ မေ ၇ ရက်တွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (17th ASEAN Ministers’ Responsible for Information and its related Meetings-17th AMRI)သို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစန်းလွင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့ Istana Nurul Iman နန်းတော်တွင် ဘရူနိုင်းဘုရင် စူလတန်ဟာဂျီဟာစင်နယ်ဘိုခီးယား (Sultan Haji Hassanal Bolkiah Mu'izzaddin Waddaulah) နှင့် သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် AMRI ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ဘရူနိုင်းဘုရင်နှင့်အတူစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဘရူနိုင်း ဘုရင့်နန်းတော်သည် ယုံကြည်ခြင်းအလင်းနန်းတော် (The Light of Faith) ဟု အဓိပ္ပာယ်ရပြီး Bandar Seri Begawan ၏ အနောက်တောင်ဘက်တောင်ကုန်းများပေါ်ရှိ မြစ်ကမ်းစပ်ဘရူနိုင်းအစိုးရ၏ ရုံးစိုက်ရာနေရာတွင်တည်ရှိသည်။ ဘရူနိုင်းဘုရင် Sultan Haji Hassanal Bolkiah Mu'izzaddin Waddaulah သည် ၁၄ ရာစုမှ စတင်ခဲ့သည့် ဘရူနိုင်းဘုရင်မင်းဆက်၏ ၂၉ ဆက်မြောက်ဘုရင်အဖြစ် ၁၉၆၇ ခုနှစ်တွင် နန်းတက်ခဲ့ပြီး ၁၉၈၄ ခုနှစ် တွင် ဗြိတိသျှလက်အောက်မှ ဘရူနိုင်းနိုင်ငံ လွတ်လပ်ရေးရခဲ့ချိန်မှစ၍ ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၁၇) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး (17th AMRI) သို့ တက်ရောက်ရန်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Mr. Neth Pheaktra ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘောဒီးယားနိုင်ငံဆီရမ်ရိမြို့တွင် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အာရှမီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ရေးဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာဖြင့် အမြင်ချင်းဆွေးနွေးဖလှယ်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး အသစ်တည်ဆောက်သည့်နေရာသို့ ရောက်ရှိရာ သံရုံးယာယီတာဝန်ခံ ဒေါ်ခင်စန္ဒာနှင့် တာဝန်ရှိသူများက သံရုံးအသစ်တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကို လိုက်လံရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့်အတူ ဘန်ဒါဆရီဘီဂါဝမ်မြို့ရှိ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သံရုံးမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့သည်။
ကြည့်ရှုလေ့လာ
ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် (၁၇)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး (17th AMRI)သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ အိမ်ရှင်ဘရူနိုင်းနိုင်ငံမှ စီစဉ်ပေးသည့် လေ့လာရေးခရီးစဉ်အဖြစ် ဘရူနိုင်းမြစ်အတွင်း သင်္ဘောဖြင့် လေ့လာသည့် အစီအစဉ်တွင် ပါဝင်လေ့လာခဲ့သည်။ ဘရူနိုင်းမြစ်အတွင်း သင်္ဘောဖြင့်လေ့လာသည့် ခရီးစဉ်အတွင်း ဘရူနိုင်းနိုင်ငံ၏ အထင်ကရ လေ့လာရန်နေရာများဖြစ်သည့် ဆူလတန်အိုမာအလီ ဆေဖူဒင် တံတားကြီး (Sultan Omar Ali Saifuddien Bridge) ၊ ကမ်ပေါင်ဧရာ ရေပေါ်ရွာ (Kampong Ayer) ၊ အိုမာအလီဆေဖူဒင်ဗလီ (Sultan Omar Ali Saifuddien Mosque)၊ Jong Batu ကျောက်ဆောင်ကျွန်း၊ လမုတောဥယျာဉ်၊ ဘရူနိုင်းရေပန်းဥယျာဉ်၊ ယဉ်ကျေးမှုနှင့်လက်မှုပစ္စည်းဆိုင်ရာသင်တန်းကျောင်းနှင့် ဘရူနိုင်းနည်းပညာပြတိုက်တို့အား မြစ်တွင်းမှ ကြည့်ရှုလေ့လာခဲ့သည်။
အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (AMRI) ကို အာဆီယံ ဆွေးနွေးဖက်သုံးနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး(AMRI+3)နှင့်အတူ နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး အာဆီယံနှင့် ဒေသတွင်း သတင်းပြန်ကြားရေးဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးပွားခိုင်မာလာစေရေး လုပ်ငန်းစီမံကိန်းများအပေါ်တွင် လိုအပ်သည့် လမ်းညွှန်ချက်များချမှတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် (၁၂)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (12th AMRI) ကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
သတင်းစဉ်

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download