ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ၌ မိုးရာသီ(ပဥ္စမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် သစ်မျိုးစုံ(၆၃၈)ပင်စိုက်ပျိုး
ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ၌ မိုးရာသီ(ပဥ္စမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် သစ်မျိုးစုံ(၆၃၈)ပင်စိုက်ပျိုး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 10, 2024

ဘားအံ ဩဂုတ် ၁၀
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်းနှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်သိန်းနှစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီက ဘားအံတက္ကသိုလ် ပတ္တမြားနယ် မြေတွင်ကျင်းပသည့် မိုးရာသီ(ပဥ္စမအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်ပင်ကိုရှင်သန်အောင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း အပင်တိုင်းကိုတန်ဖိုးထားလျက် တိရစ္ဆာန် များဖက်ဆီးမှုမရှိစေရေး၊ မီးဘေးကာကွယ်ရေး၊ ရေလောင်း၊ ပေါင်းရှင်းတို့ကို ရာသီအလိုက်လုပ်ဆောင်နိုင်မှသာ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း၊ သစ်တောသစ်ပင်များဖုံးလွှမ်းနေသော၊ ရာသီဥတုကောင်းမွန်ပြီးစိမ်းလန်းစိုပြည်သာယာသော ဒေသကြီးဖြစ် လာစေရန် သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့်သစ်ပင်များစိုက်ပျိုးခြင်းကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးထံ သစ်ပင်များကို ဖြန့်ဝေပေးအပ်ပြီး တက်ရောက်လာသောပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက ၊ နည်းပြ၊ ကျောင်းသား၊ကျောင်းသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဒေသသစ်မျိုးစုံ(၆၃၈)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများမှ သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့အင်္ဂါရပ်များ နှင့်အညီ သန့်ရှင်းသာယာလှပသောအစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ပင်မဆောင်နှင့်စာသင်ဆောင်များပရိဝုဏ်၊ အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်း(ဇွဲကပင်ကုန်း)၊ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများစုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ယာဉ်၊ယန္တရား များအသုံးပြု၍ သစ်ပင်၊သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ် နှင့်အမှိုက်များအားဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့်စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး အမှတ်(၈)အခြေခံပညာမူလတန်း ကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ၉၉ သန်းဖြင့် (၆၀ x ၃၀) RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်နေမှု၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ အကြီးစား ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3194 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download