ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ (၇၈)ကြိမ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကျင်းပ
ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ (၇၈)ကြိမ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / February 07, 2025
ဘားအံ - ဖေဖော်ဝါရီ (၇)
ရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ (၇၈)ကြိမ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိနှင့်အဖွဲ့ဝင်များနေရာယူကြပြီး သဘာပတိက အဖွင့်အမှာစကားပြောကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည့်အကူအညီများကို နှစ်စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားအားလုံးပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်သည့်ကူညီချီးမြှောက်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းအမျိုးသားနေ့ဖြစ်မြောက်ရေး ချီးမြှင့်ငွေကျပ် သိန်း(၁၅၀)ကို ချီးမြှင့်ပေးအပ်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် သဘာပတိနှင့်အဖွဲ့ဝင်များပြန်လည်ထွက်ခွာကြပြီး ရှမ်းရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေ ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆု များအသီးသီးပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ခင်းကျင်းပြသထားသော ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ဒေသထွက်စိုက်ပျိုးသီးနှံများနှင့် ရှမ်းရိုးရာတူရိယာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိန်းမလှကျွန်းကျေးရွာ၌ ရှမ်းတိုင်းရင်းသားလူမျိုးများကိုယ် တိုင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသော ငရုတ်စိုက်ခင်း၊ သခွားစိုက်ခင်း၊ ခရမ်းစိုက်ခင်းအစရှိသော ဆောင်းသီးနှံ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။




Newspaper - 3484 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
