မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / May 16, 2025

နေပြည်တော် မေ ၁၆
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော်မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့် ရန်နိုင်ထွဋ် မောင်းနှင်ပြီး တင်လတ်လိုက်ပါလာသည့် SURF မော်တော်ယာဉ်တို့ကိုရှာဖွေခဲ့ရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့ ၂ ဦး၏ မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီးအား ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ မျိုးဇော်အောင်နှင့် မနန်း(ခ)မျိုးသီရိကျော်တို့သည် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိအောင်နိုင်၏ နွားခြံစတိုအတွင်း ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်းသိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားမွေးမြူရေးခြံသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်နှင့် ဇော်ဝင်းတို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေ ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူထွန်းလင်း(ခ) ရှမ်းကုလားအား ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မျိုးဇော်အောင်နှင့် မနန်း(ခ) မျိုးသီရိကျော်တို့သည် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ်မှတစ်ဆင့် မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ်(ခ) စောတင်လတ်မှ တာဝန်ခံ၍ ပြည့်ဖြိုး(ခ)ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာတို့နှင့်အတူ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်း ကျေးရွာရှိ အောင်နိုင်၏နွားခြံတွင် သိုဝှက်ထားရှိကြောင်းသိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Newspaper - 3208 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download