မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦး ဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦး ဒဏ်ရာရ
Ministry of Home Affairs/ Nay Pyi Taw / March 21, 2025
၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက် နံနက် ၄ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ကန်ချောကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၆ မိုင်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဇေယျာလွင်(၃၀)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်/ယာဉ်အကူ ၄ ဦး၊ ခရီးသည် ၂၁ ဦး လိုက်ပါလာသော YGN-3/1R-XXXX YUTONG Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးများအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ တိမ်လှကျေးရွာနေ မဇင်မာစိုး(၄၀)နှစ်ပါ အမျိုးသမီး ၈ ဦး နှင့်အမျိုးသား ၁ ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ကျော်ဇေယျာလွင်အား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download