မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ လုယက်မှုကျူးလွန်သူ အမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဩဂုတ်လ ၈ ရက်နေ့က ဆိုင်ကယ်လုယက်မှု ကျူးလွန်သူအမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာနေ ကိုသန့်ဇင်ဖြိုး (၂၃) နှစ်သည် ကျေးရွာမှ ၎င်းပိုင်ဆိုင်သော MDY-57W/20689 Honda Click ဆိုင်ကယ်ဖြင့် ရွာသာရွာကျေးရွာအနီးရှိ မြလိပ်တောင်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အဘွားဖြစ်သူ ဒေါ်ဆန်းမြင့်အား ခေါ်ဆောင်ရန် ရွာသာရွာကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာသွား တောင်ခြေလမ်းအတိုင်း သွားရောက်စဉ် တောင်ခြေလမ်းအဝင်အရောက် အမည်မသိအမျိုးသား ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့အနက် အမျိုးသား ၁ ဦးမှ ကိုသန့်ဇင်ဖြိုးစီးနင်းလာသော ဆိုင်ကယ်၏ ယာဘက်ရှေ့ခေါင်းပိုင်းအား ခြေထောက်ဖြင့်ကန်ရာ ကိုသန့်ဇင်ဖြိုးမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့်အတူ လဲကျသွားစဉ်တောအတွင်း၌ ပုန်းအောင်းနေသော အမည်မသိအမျိုးသား ၂ ဦး ထပ်မံရောက်ရှိလာပြီး ၎င်းတို့ ၄ ဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသည့် တန်ဖိုးငွေ (၇,၀၀၀,၀၀၀) ရှိ MDY-57W/20689 Honda Click ဆိုင်ကယ် (၁) စီး၊ တန်ဖိုးငွေ (၁,၀၅၀,၀၀၀) ရှိ ရွှေလက်စွပ် (၁) ကွင်းတို့အား ယူဆောင်၍ ၎င်းတို့ ၄ ဦး စီးနင်းလာသည့် ဆိုင်ကယ် (၁) စီးနှင့်အတူ စိုက်ပျိုးရေးကျေးရွာဘက်သို့သွားသည့် လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုအပေါ် ကိုသန့်ဇင်ဖြိုး၏ သတင်းပေးတိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား ရောက်ရှိစစ်ဆေးခြင်း၊ တရားခံများ ထွက်ပြေးသွားရာဘက်သို့ လိုက်လံစုံစမ်းဖော်ထုတ်ခြင်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာ မီးသွေးဘုတ်ကျေးရွာအနီးအရောက်တွင် သမီးရည်းစားစုံတွဲ ၁ တွဲထံမှ ဆိုင်ကယ်အား ထပ်မံလုယက်နေသည်ကို တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံအမျိုးသား ၁ ဦး အမရပူရ မြို့ နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ သက်ပိုင်ဦး (ခ) ပိုင်ကြီး (၁၉) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်အမျိုးသား ၃ ဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျွဲနဖားကျေးရွာအနီးအရောက်တွင် အမရပူရမြို့နယ်၊ တောင်တမန်ကျေးရွာနေ ထိန်လင်းနိုင် (ခ) အာကြီး (၂၆) နှစ် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ မျိုးသင်္ခ (ခ) ကုလား (၁၆) နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ ကျော်မိုးမြင့် (၂၃) နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ထိန်လင်းနိုင် (ခ) အာကြီး (၂၆) နှစ်၊ မျိုးသင်္ခ (ခ) ကုလား (၁၆) နှစ်၊ သက်ပိုင်ဦး (ခ) ပိုင်ကြီး (၁၉) နှစ်နှင့် ကျော်မိုးမြင့် (၂၃) နှစ်တို့အား စဉ့်ကိုင်မြို့ မရဲစခန်း၌ (ပ) ၁၁၆-၁၁၇/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အသီးသီးအမှုဖွင့်စစ်ဆေးလျက်ရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးနှင့် အခြားပြစ်မှုများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3463 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download