မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်း တက်ရောက်လျက်ရှိသည့် ၂၀၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် သင်တန်းသားများ၏ လေ့ကျင့်သင်ကြားပို့ချနေမှုများအား ကြည့်ရှုအားပေး
မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်း တက်ရောက်လျက်ရှိသည့် ၂၀၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် သင်တန်းသားများ၏ လေ့ကျင့်သင်ကြားပို့ချနေမှုများအား ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / October 27, 2025
နေပြည်တော် အောက်တိုဘာ ၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ မိုးရာသီစခန်းချလေ့ကျင့်သင်တန်းတက်ရောက်လျက်ရှိသည့် တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ၏ သက်ဆိုင်ရာလေ့ကျင့်ခန်းများ သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
အဆိုပါ သင်တန်း၌ သင်တန်းသားများသည် ခေါင်းဆောင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်နှင့် အခြားသောသက်ဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချ သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး သင်တန်းသားများသည် ပြင်ပလေ့လာရေးများဖြစ်သည့် တပ်မတော်(လေ)နှင့် ပတ်သက်သည့်လေ့လာရေးများနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီ)သို့ လေ့လာရေးခရီးစဉ်များ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ထို့အပြင် သင်တန်းသားများသည် ညနေပိုင်းသင်ခန်းစာပို့ချမှု ပြီးဆုံးချိန်များတွင် ဘော်လီဘောကစားခြင်း၊ ဘောလုံးကစားခြင်းနှင့် အခြားသော ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများ ပြုလုပ်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များကလည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ အဆိုပါသင်တန်း၌ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ ဆက်ဆက်သင်ကြားပို့ချလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3331 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
