မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ အတွင်းရေးမှူးမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ တာဝန်ရှိသူများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ UNODC ၏ စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ၃၁၆ သန်းခန့်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့်နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိကြောင်း။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဖြစ်ပေါ်နေသော အခြေအနေအပေါ် အခွင့်ကောင်းယူပြီး ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ပြီး မူးယစ်ဆေးဝါးများကို ၎င်းတို့ နယ်မြေအတွင်း ထုတ်လုပ်လျက်ရှိကြောင်း။

ဘိန်းခင်းဖျက်ဆီးမှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများ ပူးပေါင်းပြီး နယ်မြေခံပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ နှစ်စဉ်ဖျက်ဆီးလျက်ရှိရာ ယခုနှစ်တွင်လည်း ယခင်ကထက် တိုးမြှင့်ဖျက်ဆီးနိုင်ရန် အင်တိုက်အားတိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ် (မဲနယ်တောင်တန်းနှင့် ပွန်ချောင်းကြားဒေသ) တွင် ကျေးရွာ ၆၅ ရွာ၊ ထိုင်းနိုင်ငံ ONCB နှင့် ပူးပေါင်း၍ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသတွင် ကျေးရွာ ၉၉ ရွာ၊ UNODC နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံး၊ လွိုင်လင်နှင့် တောင်ကြီးမြို့နယ်တို့တွင် ကျေးရွာ ၇၅ ရွာတို့၌ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

လက်ရှိကာလတွင် လူငယ်များအတွင်း စီးကရက်၊ E စီးကရက်နှင့် Vape အသုံးပြုမှုများ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း၊ Vape တွင် အသုံးပြုသည့် Etomidate သည် ကက်တမင်းနှင့် အကျိုးသက်ရောက်မှုအတူတူဖြစ်ပြီး အခြားမူးယစ်ဆေးဝါးများလည်း ရောနှောအသုံးပြုနိုင်၍ အချို့နိုင်ငံများတွင် Vape နှင့် Etomidate သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကန့်သတ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ညှိနှိုင်းပေါင်းစပ်ပြီး စိစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်မှု၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့် အလွဲသုံးမှုများကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စိစစ်ကြပ်မတ်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် အခြားဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတွင် အစားထိုးအသုံးပြုနိုင်သော ဓာတုပစ္စည်းမျိုးကွဲများ၊ ကြားခံဓာတုပစ္စည်းများကို ပြဋ္ဌာန်းဥပဒေများမှ ရှောင်လွဲပြီး နည်းလမ်းမျိုးစုံအသုံးပြုကာ ချက်လုပ်လာသည့်အတွက် သေချာစွာ စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှုမှ မူးယစ်ဆေးဝါးထုတ်လုပ်သူများထံသို့ မရောက်ရှိစေရေးအတွက် ဓာတုပစ္စည်းတင်သွင်းမှုကို ယခုထက်ပိုမိုပြီး စနစ်တကျထိန်းချုပ်ဆောင်ရွက်နိုင်မည့် ဆိပ်ကမ်းတစ်ခုတည်းမှသာ ဝင်/ထွက်ခွင့်ပြုသည့် စနစ်တစ်ခု (Single Port Entry) ထူထောင်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ အခြေစိုက်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာသူများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။             

သတင်းစဉ်

Newspaper - 3412 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download