မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ


Ministry of Information/ Naypyitaw / January 24, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံး ဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်း ပြောကြားကြသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်လေ့လာသတင်းရယူကြသည်။

သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ဘိန်းစစ်ဆင်ရေး၊ မူးယစ်ဆေးဝါးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ EAO များအနေဖြင့် စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ရပ်တည်ခဲ့ကြသကဲ့သို့ ယခုအထိလည်း လုပ်ကိုင်နေကြဆဲဖြစ်သည့်အခြေအနေများနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့်ဖိဖိစီးစီး စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် အခြေအနေများ Problem of Drug and Drug Problem of People ဟူသည့်အတိုင်း မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်နေရသည့်ပြဿနာဖြစ်သည့်အတွက် အစိုးရအတွက် အခြေခံကျသည့်သတင်းအရင်းအမြစ်များဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၊ မီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသော လူမှုအဖွဲ့အစည်းများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန် လိုအပ်သည့်အခြေအနေများ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများ။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်း၌ရှိသည့် ရနိုင်သမျှသောစွမ်းအားစု၊ အရင်းအမြစ်များကိုအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်တက်ကြွကြွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများအား လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ အများအပြား ထပ်မံဖော်ထုတ်ရရှိခဲ့သည့်အခြေအနေများ၊ ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်မှ ဇန် ၂၂ ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် စိစစ်သုံးသပ်တွေ့ရှိချက်များ၊ ထပ်မံဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုအခြေအနေများနှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာအဖွဲ့များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့အနီး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလေ့လာခဲ့ကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက် အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3439 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download