မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / October 19, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အောက်တိုဘာ ၁၃ ရက်မှစတင်၍ လေ့လာရေးခရီး သွားရောက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ ပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အောက်တိုဘာ ၁၄ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံနှင့် Tian an men ရင်ပြင်သို့ သွားရောက်လည်ပတ်ပြီး Ling Guang ဘုရားကျောင်းသို့ သွားရောက်၍ ဘုရားကျောင်း၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အားဖူးမြော်ခြင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ မဟာ တံတိုင်းကြီး (Grate wall) သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်းတော်သို့ သွားရောက်လေ့လာခြင်းနှင့် အိုလံပစ်ကျင်းပခဲ့သည့် အဆောက်အအုံများနှင့် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခြင်းများဆောင်ရွက်ကာ ညပိုင်းတွင် ညရှုခင်းများ ကြည့်ရှုခဲ့ကြသည်။

အလားတူ အောက်တိုဘာ ၁၆ ရက်တွင် ပေကျင်း မြို့ရှိ ပေကျင်းကျည်ဆန်ရထားဘူတာရုံမှ ပေကျင်း-တီယန်ကျင်း ကျည်ဆန်ရထားဖြင့် တီယန်ကျင်းမြို့သို့လည်းကောင်း၊ တီယန်ကျင်းမြို့လေဆိပ်မှ ကွမ်ကျိုးမြို့သို့ Southern China လေကြောင်းလိုင်းဖြင့်လည်းကောင်း စီးနင်းလိုက်ပါ၍ ကွမ်ကျိုးမြို့သို့ ရောက်ရှိကြပြီး Good Chain လုပ်ငန်းခွဲများအား လေ့လာကြသည်။

အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်သို့သွားရောက်၍ Ji Nan တက္ကသိုလ်၏ သမိုင်းကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်း မှုများအပေါ် တက္ကသိုလ်မှတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့အတွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် Guang Zhou Tower အား သွားရောက်လေ့လာကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြားသိရပါသည်-

မယွန်းဆုဝေဇင် (နှစ်ထပ်ကွမ်း လူရည်ချွန်)

ကျွန်မကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ လေးဘာသာဂုဏ်ထူး ရမှတ်ပေါင်း ၅၁၂ မှတ်နဲ့အောင်မြင်ခဲ့ပါတယ်။ ပထမဦးဆုံး တရုတ်မှာ ငါးရက်တာနေခဲ့ရပြီးတော့ အဲဒီ ငါးရက်တာအတွင်းမှာ စိတ်ဝင်စားဖွယ် အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ ပထမရက်မှာ Tian an men ရင်ပြင်နဲ့ Tian Tan ပန်းခြံကို သွားခဲ့ရပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံရဲ့ နှစ်ရှည်ထိန်းသိမ်းထားတဲ့အပင်တွေ၊ သဘာဝ သစ်တောတွေကို မျက်မြင်တွေ့ရှိခဲ့ရတယ်။ နောက်နေ့မှာ မဟာတံတိုင်းကိုသွားခဲ့ပါတယ်။ ပြီးတော့ Ji Nan တက္ကသိုလ်ကိုလည်း သွားရောက်လေ့လာခဲ့ရပါတယ်။ အဲဒီမှာ တက္ကသိုလ်တွေရဲ့ တိုးတက်ပြောင်းလဲမှုတွေ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ တိုးတက်ပုံအဆင့်ဆင့်တွေကို လေ့လာခဲ့ရပါတယ်။

ဒီလိုမျိုး မရောက်ဖူးတဲ့နေရာတွေကို သွားရောက်လည်ပတ်ခွင့်ရတဲ့အတွက် ဒေသန္တရဗဟုသုတတွေ ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဗဟုသုတတွေကို နောင်တစ်ချိန်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း ပြန်လည်ပြီးတော့ မျှဝေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မက ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။ အခုလို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်လေ့လာခွင့်ရအောင် စေလွှတ်ပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျောင်းသား ကျောင်းသူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ခရီးစဉ်တစ်လျှောက်လုံးမှာ လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကိုလည်း ကျောင်းသား ကျောင်းသူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

မောင်ဖြိုးခန့်ကိုကို (သုံးထပ်ကွမ်းလူရည်ချွန်)

ကျွန်တော်က ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လူရည်ချွန်သုံးထပ်ကွမ်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တရုတ်နိုင်ငံကိုသွားပြီး လေ့လာတဲ့အခါမှာ မဟာတံတိုင်း၊ နွေရာသီနန်းတော်အပါအဝင် သူတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို သွားရောက်လေ့လာခဲ့ရပါတယ်။ သူတို့ရဲ့ လူနေမှုစနစ်ကိုလည်း လေ့လာခွင့်ရခဲ့တယ်။ ကုန်တိုက်တွေကိုလည်း ရောက်ခဲ့ပါတယ်။ အဲဒီလိုလေ့လာခဲ့ရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မတူညီတဲ့အချက်တွေကို သတိထားမိပြီးတော့ မတူညီတဲ့အတွေ့အကြုံခံစားမှုတွေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာလည်း မတူညီတဲ့ရှုထောင့်ကနေကြည့်ပြီးတော့ ပိုပြီးတော့တိုးတက်အောင် ကြိုးစားနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက်ဖြစ်ချင်တာမို့ ဆေးကျောင်းကိုလျှောက်ထားပါတယ်။ အခုလို ကျွန်တော်တို့ကျောင်းသားလူငယ်တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လေ့လာရေးခရီးစဉ် စေလွှတ်ပြီးတော့ အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။                

သတင်းစဉ်

Newspaper - 3324 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download