မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ


Ministry of Information/ Naypyitaw / January 19, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) အား ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားခြင်းကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့သည်။

တီမောလက်စ်တေအနေဖြင့် ဒီလီမြို့တွင် ၁-၇-၂၀၂၃ ရက်၌ ကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားသို့ မြန်မာအစိုးရက မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း “NUG” မှ ဇင်မာအောင်နှင့်အဖွဲ့အား ဖိတ်ကြားခဲ့ပြီး သမ္မတမစ္စတာဟိုဆေးရာမို့စ်ဟော်တာက လက်ခံတွေ့ဆုံခဲ့သည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲအစိုးရအပေါ်ဆန့်ကျင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းအား ဤကဲ့သို့ ထိတွေ့ဆက်ဆံမှုပြုခြင်းသည် နိုင်ငံတကာ ကျင့်ဝတ်ဖောက်ဖျက်ခြင်းဖြစ်၍ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၅-၇-၂၀၂၃ ရက်တွင် ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။ ထို့နောက် သံရုံးယာယီတာဝန်ခံကိုလည်း ၁-၉-၂၀၂၃ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ ထွက်ခွာရန်နှင်ထုတ်ခဲ့သည်။ ထို့အပြင် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လိုက်နာခြင်းမရှိ၍ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့သည်။

အထက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပစဉ်ကာလအတွင်း ၈-၇-၂၀၂၅ ရက်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးထံ တွေ့ဆုံခွင့်တောင်းခံ၍ တွေ့ဆုံခဲ့စဉ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ၁၀-၇-၂၀၂၅ ရက်တွင် စာပေးပို့၍လည်းကောင်း၊ ၁၈-၉-၂၀၂၅ ရက်တွင် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း တီမောလက်စ်တေနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်လျှောက်ထားမှုကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၉-၁၀-၂၀၂၅ ရက်တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံသို့ အသိပေးခဲ့သည်။

တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည်မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရကို တီမောလက်စ်တေ၏ Public Prosecutor’s Office တွင် တရားစွဲဆို တိုင်ကြားမည့် ချင်းလူ့အခွင့်အရေးအဖွဲ့အား တီမောလက်စ်တေသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင်ဖြစ်သည်။

မြန်မာအစိုးရသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် တီမောလက်စ်တေနိုင်ငံ၏ အဆိုပါထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ်ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်။ သတင်းမှားများဖြန့်ဝေပြီး မတည်ငြိမ်မှုများကိုလှုံ့ဆော်ရန် ကြိုးပမ်းကာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန် ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမောလက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား ၁၆-၁-၂၀၂၆ ရက်တွင် နေပြည်တော်သို့ဆင့်ခေါ်၍ တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်ပါ အခြေခံမူများအားချိုးဖောက်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုကြောင်းဖော်ပြသည့် သတိထောက်လွှာအား ပေးအပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download