မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၂၅)သို့ တက်ရောက်မိန့်ခွန်းပြောကြား


Ministry of Information/ Naypyitaw / April 30, 2025
image_latest


နေပြည်တော် ဧပြီ ၃၀

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ ညီလာခံအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅)သို့ တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထူးညီလာခံ(၂၀၂၅)ကို ကျင်းပရသည့်ရည်ရွယ်ချက်မှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ အတည်ပြုခြင်းနှင့် လိုအပ်သည့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်၏ ကာကွယ်ရေး အရန်အင်အားစုကြီးဖြစ်သည်နှင့်အညီ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ပြဋ္ဌာန်းထုတ်ပြန်ပြီး စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသကဲ့သို့ တပ်မတော်မှ အငြိမ်းစားယူပြီးသည့်နောက်တွင်လည်း "Once a Soldier, always a Soldier” “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင် အမြဲတမ်းစစ်သားပင်”ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်တို့အတွက် ဝမ်းသာဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။

နိုင်ငံလွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်ကတည်းက စစ်ပြန်စစ်မှုထမ်းဟောင်းကြီးတွေသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မြို့ရွာဒေသအလိုက် အချင်းချင်းအပြန်အလှန် အထောက်အကူပြုရင်း စစ်မှုထမ်းဟောင်းအဖွဲ့လေးများဖွဲ့ကာ ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စများတွင် ပရဟိတစိတ်ဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါအဖွဲ့အစည်းများကို ၁၉၇၃ ခုနှစ်တွင် စနစ်တကျပြန်လည်စုဖွဲ့ပြီး မြန်မာနိုင်ငံ စစ်ပြန်စစ်မှုထမ်းဟောင်းများဗဟိုစည်းရုံးရေးကော်မတီနှင့် မြို့နယ်စည်းရုံးရေးကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းများ စတင်ချမှတ်နိုင်ခဲ့ကြောင်း၊ ၎င်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေ (၁၉၈၉)နှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းထုတ်ပြန်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတရုံး၏ ၂၉-၃-၂၀၁၆ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၃၆/၂၀၁၆)ဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီကို ဖျက်သိမ်းပြီး သီးခြားလွတ်လပ်သည့် တပ်မတော်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့ကို နာယက ၁၂ ဦး၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ၃၄ ဦး နှင့် ဗဟိုကောင်စီဝင် ၇၆ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို ဗဟိုဌာနချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေဖြင့် ရည်ရွယ်ချက် (၄) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၇) ရပ်တို့ကိုချမှတ်ပြီး တပ်မတော်၏ အရန်အင်အားအဖြစ် နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်သည် ပြည်သူကပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်သားဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများနှင့် အမြဲထိတွေ့မှုရှိနေသည့်အတွက် တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့် အပြောအဆိုအပြုအမူများကို သတိပြုကြရန်နှင့် မိမိ၏အပြုအမူအပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေသည်ကို နှလုံးသွင်းထားကြရန်လိုအပ်ကြောင်း။

တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ်ထားရှိသော စစ်မှန်သည့်သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများတွင်ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာအားပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်မတော်နှင့်ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းစည်းအားရရှိအောင် ဆက်လက်ကြိုးပမ်း ပုံဖော်ပေးသွားကြရမည်ဖြစ်ကြောင်း။

အစိုးရအနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း၌ လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးကာလ မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏ ထိုးနှက်တိုက်ခိုက်မှုများ၊ ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့်ရာဂီမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများ၊ လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးဘေးအန္တရာယ်များသည် တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အားလုံးတက်ညီလက်ညီဖြင့် စည်းစည်းလုံးလုံး ကျော်ဖြတ်ကြမည်ဆိုပါက အခက်အခဲအကျပ်အတည်းများကြားမှ အမြန်ဆုံးရုန်းထွက် နိုင်မည်ဖြစ်ကြောင်း။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးသည် နိုင်ငံတော်အတွက် အရေးကြီးခြင်းကြောင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝများသည် မလွဲမသွေ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ထမ်းဆောင် နေရသည့် ကိုယ်စီတာဝန်များအပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိကိုဖွင့် နားကိုစွင့်ထားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

တပ်မတော်သားဟောင်းများဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် (၇) ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး (၅) ရပ်ကို စစ်သားကောင်းတစ်ယောက်ပီပီ လိုက်နာအကောင်အထည်ဖော်ပြီး ပြည်သူနှင့်တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးသဖွယ်ဖြစ်အောင် ကြိုးပမ်းသွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက် လာကြသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3467 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download