မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးများဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။       

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ဆက်သွယ်ဆောင်ရွက်ပေးခြင်း စသည့်အမျိုးသမီးကဏ္ဍဆိုင်ရာလုပ်ငန်းများကို အဓိကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသအလိုက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် အမျိုးသမီးကော်မတီများကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

ကြီးကြပ်ဆောင်ရွက်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) လုပ်ငန်းနယ်ပယ် ၁၂ ရပ်အလိုက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ Focal ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု နှစ်နှစ်အစီရင်ခံစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက အတည်ပြုပြီး NSPAW ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ ၁၂ ရပ်ထံ ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာန Website တွင် အစီရင်ခံစာများ တင်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ ကျား၊ မ ရေးရာကိစ္စရပ်များအား တာဝန်ခံဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ Gender Focal Point ၇၂ ဦးနှင့် Network ဖွဲ့စည်းထားရှိပြီး Gender Focal Point များက ကျား၊ မ ရေးရာအချက်အလက်များ ကောက်ယူစုစည်းပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာများ ပြုစုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ ဝန်ကြီးဌာနများအကြား ပူးပေါင်းချိတ်ဆက်မှု အားကောင်းစေရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများအဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ  ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) ဦးဆောင်ကော်မတီ Focal ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက NSPAW (၂၀၂၃ -၂၀၃၂) ၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်နှစ်အစီရင်ခံစာနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အောင်မြင်မှု၊ အားသာချက်၊ အားနည်းချက်များ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ ကျန်ဦးဆောင်ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက NSPAW လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တင်ပြထားသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်နှစ်အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာအရ အားနည်းချက်၊ အားသာချက်နှင့် အကြံပြုချက်များအား ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download