မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် တောင်ငူအကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း


Myanmar National Human Rights Commission/ Yangon / November 06, 2025


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၆-၁၁-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအကျဉ်းထောင်၊ တောင်ငူမြို့မ ရဲစခန်းအချုပ်ခန်းနှင့် ကေတုမတီဘိုးဘွားရိပ်သာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် တောင်ငူအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ရရှိခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့် နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ လာရောက်ဆေးကုသပေးမှု အခြေအနေ၊ ကျန်းမာရေးဟောပြောပွဲများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ ကုသပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေပေး‌ဝေမှု အခြေအနေနှင့် ချိုးရေ၊ သုံးရေ လုံလောက် စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ‌ထောင်ဝင် စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်‌ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှု အခြေအနေတို့ကို မေးမြန်းပြီး အကျဉ်းသား/အကျဉ်းသူများအား အကျဉ်း ထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ၊ ထောင်ဝင်စာ လာရောက်တွေ့ဆုံသည့် အကျဉ်းသားမိသားစုဝင်တို့ကို ထောင်ဝင်စာအခက်အခဲ ရှိ/ မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို မေးမြန်းပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ (၁၀) ဦးကို‌ မေးမြန်းမှတ်တမ်းတင်ကာ ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်း လိုက်လံ စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

   ယင်းနောက် ကေတုမတီဘိုးဘွားရိပ်သာအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေး‌စောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွား အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် အသက် (၈၅) နှစ်ပြည့် ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ အဘိုး/ အဘွားများအားလုံး မဲပေးနိုင်ရေးစီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် တောင်ငူမြို့မရဲစခန်းအချုပ်ခန်းနှင့် အမှတ် (၂) နယ်မြေရဲစခန်းအချုပ်ခန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှုနှင့် အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှု၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုး‌ဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေ၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အချုပ်သားများ မဲပေးခွင့် ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ‌ကော်မရှင်ဥပဒေ နှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်

Newspaper - 3340 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download