မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / July 09, 2025
ရန်ကုန် ဇူလိုင် ၈
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် မိခင်နှင့် ကလေးသေဆုံးမှု လျော့နည်းစေရေး နည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာပေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ ကျော်ရွှေက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန Department to Educational Simulation Technologies in Medicine, National Medical Research Center for Obstetrics, Gynecology and Perinatology named after V.I.Kulakov မှ ဌာနမှူး Dr. Khamatkhanove Elizaveta က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ အထူးကု ဆရာဝန်များအား ရုရှားနိုင်ငံ မော်စကိုမြို့သို့ နှစ်စဉ်ဖိတ်ခေါ်ကာ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းပို့ချမှုများရှိပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လိုပါကြောင်း ပြောကြားပြီး ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ V.I.Kulakov Center က ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဗီဒီယိုဖြင့် ရှင်းလင်းပြသသည်။
ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ငါးရက်ကြာ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန V.I.Kulakov center မှ ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်များ တက်ရောက်ကြမည်ဖြစ်ကာ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးငယ်များ၏ ကျန်းမာရေးအားကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ရုရှားနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံမှ လာရောက်ပို့ချသူပညာရှင် ရှစ်ဦး၊ မြန်မာနိုင်ငံမှ အထူးကုဆရာဝန် ၃၁ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3440 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
