မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ


Ministry of Information/ Naypyitaw / January 18, 2025
image_latest


ရန်ကုန် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံ (Steel Structure Skeleton Building)ကို တည်ဆောက်ခဲ့သော iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ ယူသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center–Yangon) အဆောက်အအုံ Steel Structure Skeleton Building လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ iGreen Construction Co.,Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ မြန်မာအနုပညာဗဟိုဌာန အဆောက်အအုံလက်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုအခါ Steel Structure Skeleton Building သာ ပြီးစီးခဲ့သည့် မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်မည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရပ်များအတွက် အဖိုးမဖြတ်နိုင်သည့် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန ပေါ်ထွန်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်) အဆောက်အအုံနှင့်စပ်လျဉ်း၍လည်းကောင်း၊ iGreen Construction Co.,Ltd ဒါရိုက်တာက အဆောက်အအုံလွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာအနုပညာဗဟိုဌာနအဆောက်အအုံ (Steel Structure Skeleton Building)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက လွှဲပြောင်းလက်ခံသည့် မှတ်တမ်းစာအုပ်တွင် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာဆိုင်ရာလုပ်ငန်း များဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ မြေဧရိယာ ၈ ဒသမ ၄၁ ဧက ပေါ်တွင် iGreen Construction Co., Ltd က ၂၀၁၆ ခုနှစ် မတ် ၂၈ ရက်တွင် စာချုပ်ချုပ်ဆို၍ စတင် တည်ဆောက်ခဲ့ရာ သဘောတူစာချုပ်နှင့်အညီ ရေးဆွဲထားသည့် အဆောက်အအုံဒီဇိုင်းအတိုင်းသံမဏိဖြင့် ဖွဲ့စည်းတည်ဆောက်သော အဆောက်အအုံ (Steel Structure Skeleton Building) ကို ၂၀၁၈ ခုနှစ် မတ်လတွင် ရာခိုင်နှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3443 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download