မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ၏ Website လွှင့်တင်ထားရှိ
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ၏ Website လွှင့်တင်ထားရှိ
Ministry of Information/ Naypyitaw / March 27, 2025

နေပြည်တော် မတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏အမြင်များကို ထုတ်ဖော်ပြသနိုင်ရန်အတွက် အထောက်အထား အခြေခံသုတေသနများနှင့် ပြည်တွင်းက ဦးဆောင်သော အသိပညာဖလှယ်မှုများကို စုစည်းဆောင်ရွက်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းနှင့်နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှုနှင့်ဖလှယ်မှုများကိုမြှင့်တင်၍ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်များတွင် ကွဲပြားသောအမြင်များနှင့် သဘောထားများကို အသိအမှတ်ပြုသည့် ပြဿနာဖြေရှင်းရေးချဉ်းကပ်မှုကို အားပေးရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အနှစ်သာရရှိသောပံ့ပိုးမှုများ ပေးစွမ်းလာစေရန် အတွေးအခေါ်ပညာရှင်များ၊ လက်တွေ့လုပ်ဆောင်နေသူများနှင့် မူဝါဒချမှတ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ပြုမှုများ အားကောင်းလာစေရေး ဆောင်ရွက်ရန်အတွက်လည်းကောင်း “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
အဆိုပါအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အသိပေးဖော်ပြချက်များကို လေ့လာသိရှိနိုင်ရန်အတွက် Website ကို www.myanmarnarrative.org ဖြင့် မတ် ၁၀ ရက်တွင် စတင်လွှင့်တင်ထားရှိသည်။
အဆိုပါ Website တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ထူးခြားပြောင်းလဲမှုများ၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ စိတ်နေသဘောထားများ၊ ရိုးရာယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများ၊ ဘာသာအယူဝါဒ ဓလေ့ထုံးတမ်းများ၊ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားပြောင်းလဲမှုများတွင် ပါဝင်ဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ်မပျက် အတူတကွ ယှဉ်တွဲနေထိုင်မှုများ၊ မြန်မာနိုင်ငံအပေါ် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသား ပြောဆိုမှုများအပေါ် တန်ပြန်ချေဖျက်ပြောကြားမှုများ၊ မြန်မာ့ရေးရာ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ အစရှိသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမွန်စေရန် ဖော်ညွှန်းရေးသားမှုများကို ဖော်ပြထားမည်ဖြစ်သည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့်ပတ်သက်၍ အကြံပြုချက်များပေးပို့လိုလျှင်ဖြစ်စေ၊ Myanmar Narrative Website တွင် စာမူများရေးသားပေးပို့လိုလျှင်ဖြစ်စေ myanmarnarrative @gmail.com သို့ အင်္ဂလိပ်ဘာသာဖြင့် ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download