မြန်မာ့အရုဏ်ဦးနံနက်ခင်းသစ် နိုင်ငံရေးယဉ်ကျေးမှုသစ်စတင်


Ministry of Information/ Naypyitaw / March 16, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၄၊ ပုဒ်မ ၁၂၃၊ ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ (ခ)၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့်အညီ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် (ယနေ့) တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် စတင်ကျင်းပနေပြီဖြစ်သည်။ ဆက်လက်၍ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုလည်းကောင်း၊ မတ်လ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များကိုလည်းကောင်း အသီးသီးကျင်းပတော့မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၁၃ ရက်က ကျင်းပပြုလုပ်သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) တွင် “ယခင်က မမျှော်လင့်ရဲတာတွေ၊ မျှော်လင့်နိုင်သလို ယခင်က မမက်ရဲခဲ့တဲ့ အိပ်မက်တွေကိုတောင် မက်ခွင့်ရနေပါပြီ။ တစ်နည်းအားဖြင့် ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မျက်နှာမူရာဖြစ်နေတဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံရေးအသစ်၊ ယဉ်ကျေးမှုအသစ်တွေကို ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဟာ နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့သလို ယခုတစ်ဖန်အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းကြီးတစ်ခုကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီ”ဟု အလေးအနက် ပြောကြားခဲ့သည်။

ယနေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာဖြင့် စစ်မှန်သည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပပေးနိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တက်တက်ကြွကြွ မဲပေးကြရာ စစ်မှန်သည့်မဲရလဒ်များဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကို စစ်မှန်စွာကိုယ်စားပြုသူများဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်ကို စီးပွားရေးအရ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်ကို စဉ်းစားသုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အူမတောင့်မှ သီလစောင့်မည်ဟူသော စကားနှင့်အညီ ပြည်သူလူထုအားလုံး၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးကြရန် လိုမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးရှိသည့်အနက် မြန်မာနိုင်ငံအနေဖြင့် ပြည်သူများလိုလားသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာတွင် လူပုဂ္ဂိုလ်၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကိုအခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအပေါ်တွင်အခြေခံ၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်မှန်၍တရားမျှတသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်မျှတသည့်ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသည့် ဆန္ဒမဲများဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များ ပေါ်ထွက်လာပြီး ဒီမိုကရေစီယဉ်ကျေးမှုအသစ်ကို စတင်ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်သည်။ သန့်ရှင်းသော လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဂုဏ်သိက္ခာရှိသောလွှတ်တော်၊ တိုင်းကျိုးပြည်ပြုဆောင်ရွက်နိုင်သော လွှတ်တော်အဖြစ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြင့် မြန်မာနိုင်ငံ၏ မျက်နှာစာသစ်ကို လှပစွာပုံဖော်ထုဆစ်နိုင်ကြမည်ဟု ယုံကြည်သည်။ မကြာမီကာလတွင် လွှတ်တော်အသစ်၊ အစိုးရအဖွဲ့အသစ်များဖြင့် မြန်မာနိုင်ငံ၏ အရုဏ်ဦးနံနက်ခင်းသစ် လင်းလက်တောက်ပလာတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံသားများအားလုံး စည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စသည့်ကောင်းကျိုးရလဒ်များကို ခံစားနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရောင်ခြည် လင်းလက်လာပြီဖြစ်ပါကြောင်း။ ။

Newspaper - 3471 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download