မြို့နယ်အချို့၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ Drone အသုံးပြု၍ Drop Bomb များ၊ ရှော့တိုက်ဒုံးများနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / December 29, 2025


     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ(အရှေ့)ရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမရဌာနီ(အရှေ့)ရပ်ကွက်နေ ဦးဖြိုးကိုကို(၃၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ထားထားဦး(၃၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ ပေးလျက်ရှိကြောင်း သိရသည်။
     အလားတူ နံနက် ၇ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇရစ်ရပ်ကွက်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ကျောက်မော်ရပ်ကွက်ရှိ ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ သုံးထပ်ဆောင် အဆောက်အအုံ၏ မျက်နှာကြက်များ ပြုတ်ကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
     အလားတူ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မင်္ဂလာ ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်များသို့ KNPP သောင်းကျန်းသူအဖွဲ့နှင့် KNDF/PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ 
      အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၂) ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၏ ပြတင်းတံခါးမှန် ၇ ချပ် ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ 
      အလားတူ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့မ ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ခြံစည်းရိုးအပြင်ဘက်လမ်းမပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီး ရောက်ရှိ နေသည့် ရန်အောင်မြေရပ်ကွက်နေ ဒေါ်လှခိုင်(၅၆)နှစ်နှင့် ဒေါ်နွယ်(၆၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။  
      အလားတူ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်မာမာအေး (၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်ကာ  Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ရွှေဘိုခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်းနှင့် ၎င်းနေရာအနီးဝန်းကျင်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အမှတ်(၈)ရပ်ကွက်နေ ဒေါ်ညိုအိ(၆၀)နှစ်၏ နေအိမ်ခြံဝင်းအတွင်းမှ ပျက်ကျနေသည့် Fixed Wing အမျိုးအစား Drone တစ်စင်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
      အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တမူးမြို့နယ်၊ စော်ဘွားအင်းရပ်ကွက်နေ ဦးတင်ကျော် (၅၁)နှစ်၏ နေအိမ်ပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်အမိုးသွပ် သုံးပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးကာ ၁,၀၀၀ လီတာဆန့် ပလတ်စတစ် ရေတိုင်ကီ တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း သိရသည်။ 
       အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက် သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကောလိပ်၌ ရောက်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မဟန်နီ(၁၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ ခဲ့ကြောင်း သိရသည်။ 
      အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ခင်ဦးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဝန်ထမ်းနေအိမ်လိုင်းခန်း လေးလုံးရှိ အမိုးသွပ် ၆၈ ချပ် ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
      အလားတူ ည ၈ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၆ နာရီ ၃၀ မိနစ်တွင် ရေတာရှည် မြို့နယ်၊ တခွဲကျဲကျေးရွာနေ ဒေါ်လှလှသီ(၄၃)နှစ်သည် ကျေးရွာမြောက်ဘက် မီတာ ၅၀၀ ခန့် အကွာရှိ လယ်ကွင်းများဘက်မှ ၎င်း၏ နွားနှစ်ကောင်အား မောင်းနှင်၍ နေအိမ်သို့ ပြန်လာစဉ် ၎င်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
      ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များနှင့် ရုံးအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံ ပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3394 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download