ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 07, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်သက်ထား(၄၉)နှစ်၏ နေအိမ်၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သာကေတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်သက်ထားအား နေအိမ်အခန်းအတွင်း၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သက်ထား အား သာကေတမြို့မရဲ စခန်း (ပ)၅၉၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။ 

     အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဓမ္မရာဇာလမ်းနှင့် ၂၉ လမ်းထိပ်ရှိ “ရွှေနန်း” လက် ဖက်ရည်ဆိုင်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း၌ အမှတ်(၁၂)ရပ်ကွက်နေ ဇော်ဝင်းနိုင်(၅၆)နှစ်နှင့် အမှတ်(၁၃)ရပ်ကွက်နေ ကျော်ကျော်နိုင်(ခ)ကျော်နိုင်(၄၃)နှစ်တို့ နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇော်ဝင်းနိုင်နှင့် ကျော်ကျော်နိုင်(ခ) ကျော်နိုင်တို့ နှစ်ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၆၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     ထို့အတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ပုဇွန်တောင်အသားငါးဈေးတန်းရှိ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်နေ ဒေါ်မေရီမြင့် (၄၁)နှစ်၏ ဆိုင်ခန်း၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပုဇွန်တောင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ ဒေါ်မေရီမြင့်ထံမှ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် မေရီမြင့် အား ပုဇွန်တောင်မြို့မရဲစခန်း (ပ)၄၅၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါ သည်။

Newspaper - 3525 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download