ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဆိုင်ကယ်မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဆိုင်ကယ်မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 20, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဆိုင်ကယ်မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ အောင်မြေကျေးရွာနေ ကိုထက်နောင်ဆွေ(၂၄)နှစ် မောင်းနှင်ပြီး လှည်းကူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ကိုရဲမင်းခန့်(၂၃)နှစ်နှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းသီတာမွေးမြူကျေးရွာနေ ဦးတင့်ဇော်ထွန်း(၃၇)နှစ်တို့ လိုက်ပါလာသည့် BASHAN-125 ဆိုင်ကယ်သည် နေပြည်တော်မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အစွန်ဆုံးယာဉ်ကြော၌ ရပ်တန့်ထားသည့် SHN-15/ 4H-XXXX NISSAN CONDOR မော်တော်ယာဉ်၏ ဦးခေါင်းပိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ကိုထက်နောင်ဆွေနှင့် ဦးတင့်ဇော်ထွန်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုရဲမင်းခန့်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထက်နောင်ဆွေ အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3475 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
