ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / March 21, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက်နှင့် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်နေ ဒေါ်စန်းစန်းမာ(၄၀)နှစ်၏နေအိမ်၌ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စန်းစန်းမော် အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၄၆/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     အလားတူ မတ် ၁၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ ဦးကျော်ကျော်ဝင်း(၅၆)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရင်းငြိမ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ကျော်ဝင်း အား ဇင်းကျိုက်နယ်မြေ ရဲစခန်း (ပ)၁၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင် ဈေးကြီးအတွင်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အောင်ဇေယျာရပ်ကွက်နေ မမေသဇင်ထွေး(၂၅)နှစ်အား ၎င်းကိုင်ဆောင်ထားသည့် အိတ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိ ခဲ့သဖြင့် မေသဇင်ထွေး အား မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3477 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download