ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ “ရောင်နီဦး” ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / April 05, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင် လုယက်မှုမှ တရားခံ နှစ်ဦးနှင့် သက်သေခံပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်းဖြစ်သူနှင့်အတူ ဆိုင်ရှိ ရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေ ကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန် မော်တော်ယာဉ်အား စောင့်ဆိုင်းနေစဉ် အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့် ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အား လုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသား တစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

     လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဇော်လင်းထွန်း(၃၃)နှစ်(ဘ)ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး(ခ)သက်နောင်(၅၈)နှစ်(ဘ)ဦးသိန်းအား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီ ၂ ရက် ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဇော်လင်းထွန်းသည် “ရွှေစင်ဝင်း” ရွှေဆိုင်အား လုယက်မှုမကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် သက်ပိုင်ဦး(ဖမ်းဆီးရန်ကျန်)တို့ နှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တရားခံ မှန်ကြီး(ခ)သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတိုသေနတ် တစ်လက်၊ PAC 380 AUTO ကျည် ၁၃ တောင့်၊ THAI ARMS-380 ACP ကျည် နှစ်တောင့်၊ ကျည်ဘောက် နှစ်ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါ အစိမ်းရောင်အိတ် တစ်ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခုတို့အား လည်းကောင်း၊ ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အားလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။

     အမှုမှ တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ်(ဘ)ဦးတင်ထွန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ “ရောင်နီဦး” ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် တရားခံစည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၂ ရက်တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

     “ရွှေစင်ဝင်း” ရွှေဆိုင်နှင့် “ရောင်နီဦး” ရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများအား ပြည်သူလူထုပူးပေါင်းပါဝင်ကူညီမှုဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူတို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်တရားခံ သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper - 3491 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download