ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှုစနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / May 02, 2026
image_latest


ရန်ကုန် မေ ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းရေးနှင့်ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဆက်သွယ်ရေးကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဆက်သွယ်ရေးကြိုးများနှင့်လျှပ်စစ်မီးကြိုးများကို မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ရေးကုမ္ပဏီများပူးပေါင်း၍ ဆောင်ရွက်ရန်၊ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည့် ပြည်လမ်းတစ်လျှောက် (Under Ground Cable Network) ချိတ်ဆက်မှုများသည် ကောင်းမွန်သဖြင့် ကမ္ဘာအေးစေတီလမ်း၊ ဝေဇယန္တာလမ်းတစ်လျှောက် စီမံချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်၍ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကောင်အထည်ဖော်ရာတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးကွန်ရက်တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီနှင့် ခရိုင်အဆင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ဖယ်ရှားရှင်းလင်းရေးအဖွဲ့များက စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီးအစိုးရ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးအော်ပရေတာလေးဦးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်မှုအားလုံးတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိနိုင်ငံတကာတွင် သက်ရောက်မှုကြီးမားနေသည့် လောင်စာဆီအကျပ်အတည်းဖြစ်ပေါ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရေးအတွက် အော်ပရေတာအချင်းချင်း အရင်းအမြစ်များကို မျှဝေအသုံးပြုခြင်းဖြင့် ကွန်ရက်စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့ပေါ်တွင် မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်မဝင်ရသောလမ်းများ၌ စည်းကမ်းမဲ့စွာဝင်ရောက်နေသော မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များအား စည်းကမ်းတကျ ရှိစေရေး ဆောင်ရွက်ရန်၊ အိတ်ဇောဖွင့် မော်တော်ယာဉ်များ၊ အုပ်စုဖွဲ့၍ ပြိုင်ကားပုံစံမောင်းနှင်မှုများ၊ ယာဉ်ရပ်နားခွင့်မပြုသော နေရာများတွင် ရပ်နားထားသော ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အော်ပရေတာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download