ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအမျိုးသားတစ်ဦးအား ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော်၊ ဩဂုတ် ၁၀

၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉) နှစ်သည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးမှာ မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် A ဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ ၂ ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ တရားခံ ၂ ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေး YGN-33 FF-1233 Toyota Caldina အဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33 FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ ၂ ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်းကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ ၂ ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင် တည်းခိုနေထိုင်သူ မြတ်သူရကျော် (၃၁) နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးစုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးဖြစ်သူ မအေးစုအိစံ (ခ) ဘေဘီ (၂၆) နှစ် (ဘ) ဦးဝင်းချို အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ (၉) လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ် (၆၀၈) နေသူနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံမြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ဖမ်းဆီးရမိနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download