ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ ဒုတိယနေ့ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ (Science Festival 2025) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီ Naypyitaw State Polytechnic University (NSPU) ၌ ဆက်လက်ကျင်းပသည်။

ကြည့်ရှုအားပေး

သိပ္ပံပွဲတော်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ROSATOM နှင့် ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute) မှ တာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။

ဖြေကြားဆွေးနွေး

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ Project Shows ပြုလုပ်နေမှု၊ ပန်းချီပြခန်းနှင့် စုဝေးခန်းမ၌ “The Science Movies Almanac” မှတ်တမ်းရုပ်ရှင်များပြသနေမှုကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ရုရှားနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြန်လည်ဖြေကြားဆွေးနွေးပေးကြသည်။

ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းများမှ Grade-5 ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်သည် “DIY Science Session” ကိုယ်တိုင်ဖန်တီးနိုင်သော သိပ္ပံနည်းပညာရပ်များကို လက်တွေ့ပြုလုပ်ခြင်း ပြိုင်ပွဲတွင် လူငယ်များ သိပ္ပံကမ္ဘာနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေမည့် အခွင့်အလမ်းများပေးနိုင်ရန်၊ အခြေခံအင်ဂျင်နီယာနည်းပညာရပ်များ တီထွင်ဖန်တီးနိုင်သော အရည်အချင်းများ၊ အသိပညာဗဟုသုတများ ရရှိစေရန် ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲကြသည်။

ယုံကြည်စိတ်ချရသည့်စနစ်

Small Modular Reactor (SMR) အသေးစား နျူကလီးယားစက်ရုံနှင့် စပ်လျဉ်းသည့် အသိပညာဟောပြောပွဲတွင် ရုရှားပညာရှင်များက SMR သည် ဘေးကင်းပြီး ယုံကြည်စိတ်ချရမှုရှိသည့် နည်းပညာရပ်များဖြင့် တည်ဆောက်ထားသော စနစ်တစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလိုအလျောက် ဘေးကင်းလုံခြုံစွာ Shut Down လုပ်နိုင်စွမ်းရှိသည့် စနစ်များပါရှိကြောင်း ဆွေးနွေးပြောကြားသည်။

ပါဝင်ယှဉ်ပြိုင်

Hack Atom ပြိုင်ပွဲတွင် အဖွဲ့ ၁၀ ဖွဲ့မှ Small modular nuclear reactors as a basis for indu-strial development of the region ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက အနိုင်ရရှိသည့် အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3361 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download