ရေပေးသွင်းစိုက်ပျိုးပါက ဝါသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်မှု ကွင်းသရုပ်ပြ


Ministry of Information/ Naypyitaw / January 24, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

သင့်တော်သော ရေသွင်းနည်းစနစ်ကို  မှန်ကန်စွာအသုံးချပြီး မိုးကြို၊ မိုး၊ မိုး‌နှောင်း၊ ဆောင်း စသည့် စိုက်ရာသီများတွင် သင့်တော်သည့်အချိန်ကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ဝါသီးမျိုး ခြောက်မျိုးစမ်းသပ်စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပျဉ်းမနား စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းဝင်း၌ ဆောင်ရွက်ထားရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး လွန်ကျော်၊ ရွှေတောင်(ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ)၊ ပျော်ဘွယ်(ချောင်းမကြီး) ဝါသီးနှံမျိုးသန့်ခြံ၊ မကွေးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ (အောင်လံ)၊ ပဲခူးတိုင်းဒေသကြီး ဝါသီးနှံမျိုးသန့်ခြံ(လေးဆည်ပြင်)တို့မှ ခြံတာဝန်ခံများ၊ သုတေသနတာဝန်ခံများ၊ မျိုးပွားတာဝန်ခံများနှင့် စိုက်ပျိုးရေးပညာရှင်များ လာရောက်လေ့လာကြသည်။

လေ့လာရေးအဖွဲ့ဝင်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပုံမှန်စိုက်ပျိုးနေကျဝါသီးနှံ စိုက်ပျိုးချိန်မဟုတ်သော်လည်း ရေပေးသွင်းစိုက်ပျိုးနိုင်ပါက ဆောင်းရာသီတွင် စမ်းသပ်စိုက်ပျိုးဖြစ်ထွန်းနိုင်စွမ်းကိုလေ့လာရန် ပြည်ပမှတင်သွင်းသော RAKA 66 ၊ B31 ၊ KTK-1 စပ်မျိုးနှင့် အများစုစိုက်ပျိုးလျက်ရှိသော ဝါမျိုးများဖြစ်သည့် ရွှေတောင်(၈)၊ ရွှေတောင် (၁၀) နှင့် ငွေချည် (၁၁) မျိုး သုံးမျိုး စုစုပေါင်း မျိုးခြောက်မျိုးတို့၏ အမွေးချွတ်ပြီး မျိုးစေ့များဖြင့် ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားပြီး တောင်သူများလက်တွေ့လေ့လာနိုင်ကြစေရန် ကွင်းသရုပ်ပြဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဝါပင်များ ပုံမှန်ကြီးထွားဖြစ်ထွန်းမှုရှိပြီး ရေပေးသွင်းနိုင်ပါက မည်သည့်ရာသီမဆိုစိုက်ပျိုးနိုင်ကြောင်း၊ ဝါသီးနှံတွင် ဆိုးရွားစွာကျရောက်တတ်သည့် ပိုးမွှားရောဂါများ ဆောင်းရာသီတွင် တက်ကြွမှုမရှိ၍ ကျရောက်မှုကင်းဝေးခြင်းကြောင့် ဓာတုပိုးသတ်ဆေးသုံးစွဲရမှုကို လျှော့ချနိုင်ကြောင်း၊ ဒေသအလိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်၍ ဝါမျိုးစေ့ထုတ်ဧကကို တိုးချဲ့ဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အက်စစ်ဖြင့် အမွေးချွတ်ထားသောဝါမျိုးစေ့ကို အသုံးပြုထားမှု၊ စိုက်ပေါင်များကို ပလတ်စတစ်အမည်းရောင်ဖြင့် ဖုံးအုပ်ထားပြီး ရေမွှားရေပေးစနစ်(Film irrigation)ဖြင့် ရေပေးသွင်းစိုက်ပျိုးထားရှိခြင်းကြောင့် အပင်သက်တမ်းရက် ၆၀ သားခန့်ရှိနေသော်လည်း  ပြည်တွင်းဝါမျိုးနှင့် နိုင်ငံခြားစပ်မျိုးဝါများ၏ အပင်ကြီးထွားမှု သိသာစွာကွာခြားမှုမရှိကြောင်း၊ ဝါသီးနှံမျိုးသန့်ခြံများ၌ မျိုးသန့်ပွားများခြင်း၊ ဝါဆွတ်ချိန်အလိုက် မှတ်တမ်းထားရှိပြီး ဝါပေါက်သည့်အကြိမ်အလိုက် မျိုးစေ့အရည်အသွေးကို သုတေသနပြုရန်လိုအပ်ချက်များ၊ မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များကို ထိန်းသိမ်းထားရှိရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download