ရေရှည်တည်တံ့သော ကျေးလက်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများဖွံ့ဖြိုးရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးပင်မစီမံချက် (ASEAN Rural Development Master Plan) နှင့် မူဘောင်လုပ်ငန်းစီမံချက် (ASEAN RDPE Framework) ပါ လုပ်ငန်းတစ်ရပ်ဖြစ်သော ကျေးလက်အသက်မွေးဝမ်းကျောင်းများ ဖွံ့ဖြိုးရေးရည်ရွယ်၍ ရေရှည်တည်တံ့သောကျေးလက် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများဖွံ့ဖြိုးရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ KMA Naypyitaw ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။

ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ၌ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေမည့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနေစေရန် အထူးအရေးကြီးလှကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံများတွင် စွန့်ဦးတီထွင်မှုသည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ပုံစံတည်း (One size fits all) ချဉ်းကပ်မှုမျိုးကို ရှောင်ကြဉ်ကာ ဒေသအခြေအနေနှင့် သဘာဝအရင်းအမြစ်များအပေါ် မူတည်၍ ပြောင်းလဲချိန်ညှိဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့အစည်းများ၏ အတွေ့အကြုံများ ပွင့်လင်းစွာ မျှဝေရန်၊ နည်းလမ်းကောင်းများကို စုစည်းမှတ်တမ်းတင်ရန်နှင့် မိမိတို့နိုင်ငံ၏ အတွေ့အကြုံကောင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ မျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရရှိ လာမည့် အကြံပြုချက်များသည် ကျေးလက်နေပြည်သူများ၏ဘဝကို ပြောင်းလဲပေးနိုင်မည့် မောင်းနှင်အားတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ယင်းနောက် ActionAid မှ Country Director က Streng-thening Rural Entrepreneurship for Sustainable Livelihoods ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများ၊ UN ၊ INGOs ၊ NGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက “အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးနည်းပညာနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးအရင်းအနှီးနှင့် စွန့်ဦး တီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုင်ရာများကို အုပ်စုများ ခွဲကာ ဆွေးနွေးကြသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သုံးသပ်ဆွေးနွေးအကြံပြုပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3453 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download