ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး စစ်မှန်သည့်ဒီမိုကရေစီဖော်ဆောင်
Ministry of Information/ Naypyitaw / January 08, 2026
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်၏ နောက်ဆုံးအချက်တွင်ပါရှိသည့် “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပြီဖြစ်သည်။
ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို အားလုံးတွေ့ရှိခဲ့ရပြီးဖြစ်သည်။ ထို့ပြင် လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၀ ၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံအသီးသီးသို့ သွားရောက်မဲပေးကြမည်ဖြစ်သည်။ ဆက်လက်၍ ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ အဆုံးသတ်မည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် မြို့နယ်ပေါင်း ၂၆၅ မြို့နယ်တွင် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြို့နယ် ၃၃၀ ရှိရာ စုစုပေါင်း ၈၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲ ဖျက်သိမ်းထားသော မြို့နယ် ၆၅ မြို့နယ်တွင် နေထိုင်သည့်လူဦးရေသည် နိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းကြောင်းတွင် တည်ငြိမ်အေးချမ်းမှုလိုအပ်ချက်ကြောင့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပေးခဲ့မှုများရှိခဲ့ပြီး ထိုအချိန်ကာလနှင့်နှိုင်းယှဉ်လျှင် ယခုရွေးကောက်ပွဲကို ပိုမိုလွှမ်းခြုံဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ မလိုသူများက မည်သို့ပင်ဝေဖန်ပြောဆို နှောင့်ယှက်မှုများရှိသော်လည်း မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင်မဲပေးခဲ့ကြသောကြောင့် နှောင့်ယှက်မှုအမျိုးမျိုးတို့မှာ အချည်းနှီးဖြစ်ခဲ့သည်။ ရွေးကောက်ပွဲများသည် နိုင်ငံလူဦးရေ၏ ထက်ဝက်အောက်သာ လွှမ်းခြုံမှုရှိနိုင်သည်ဟု ထင်ကြေးနှင့် ပြောဆိုခဲ့ကြသည့် သတင်းမှားများ၊ အချက်အလက်လွဲမှားနေသူများ သို့မဟုတ် ဘက်လိုက်မှုရှိသော ပြည်ပလေ့လာသူများ၏ အမြင်များနှင့် မြေပြင်ပကတိအရှိ တရားများမှာ ကွဲလွဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ စိုးရိမ်ပူပန်ဝေဖန်မှုများကြားမှ မဖြစ်မနေ မဲပေးခဲ့ကြသူပြည်သူများသည် နိုင်ငံသားတာဝန်ကို ကျေပွန်စွာဆောင်ရွက် ခဲ့ကြသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသည့် ရွေးကောက်ပွဲများ အောင်မြင်ခြင်းသည် ထာဝရငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကိုသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြု မှတ်ကျောက်တင်နိုင်ရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများမှ သတင်းမီဒီယာသမား စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့်လေ့လာသတင်းယူခဲ့ကြသည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) အပေါ် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ အားတက်သရော လာရောက်မဲပေးခဲ့မှုများကို မြင်တွေ့ခဲ့ကြသည့်အတွက် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း ထောက်ခံအားပေးအသိအမှတ်ပြု မှတ်ချက်စကားများ ပြောကြားခဲ့သည်ကို တွေ့ရသည်။ အခက်အခဲအမျိုးမျိုးကြားမှ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင် အသိအမှတ်ပြုရမည်ဖြစ်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်သည်။
သို့ဖြစ်ရာ တပ်မတော်က နိုင်ငံတော်ကို စတင်တာဝန်ယူဆောင်ရွက်ချိန်ကတည်းက ကတိပြုထားသည့် ပြည်သူများလိုလားတောင့်တသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဦးတည်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုဖြင့် ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲမှတစ်ဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီး ဖွဲ့စည်းနိုင်ကာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးအကောင်အထည်ပေါ်လာအောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper - 3405 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
