ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ
ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ
Ministry of Home Affairs/ နေပြည်တော် / March 03, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁ ရက်က ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁ ရက် နံနက် ၈ နာရီ ၅၄ မိနစ်တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့၊ အမှတ်(၁)ရပ်ကွက်နေ ညီညီ(ခ)မိုးမင်းအောင်(၃၆)နှစ်၏ နေအိမ်၌ လောင်းက စားပြုလုပ်နေကြောင်း သတင်းအရ အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဧည့်ခန်း၌ သုံးလုံးထီလောင်းကစားပြု လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညီညီ(ခ)မိုးမင်းအောင် အား အေးသာယာ နယ်မြေရဲစ ခန်း (ပ)၂၇/၂၀၂၆ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နယ်မြေ လှည့်ကင်း ဆောင်ရွက်နေစဉ် တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝန်စေတီကုန်းသွားလမ်းပေါ် အရောက်၌ အဆိုပါရပ်ကွက်နေ လှသောင်း(၆၈)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အ တွင်းမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လှသောင်း အား တာချီလိတ်မြို့မရဲစခန်း (ပ)၂၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်နေ မြထွန်း (ခ)မြတ်ထွန်း(၆၂)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သ တင်းအရ တာချီလိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်တွင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မြထွန်း(ခ)မြတ်ထွန်း အား တာချီလိတ်မြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစားဥ ပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
ထို့အတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နေ စန်းစန်းအေး(၄၀)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သ တင်းအရ ပြည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ဒေါ်သင်းသင်းနိုင်(၃၇)နှစ်၊ ဒေါ်သဇင်ဦး(၃၄)နှစ်၊ ဦးနေမျိုးလင်း(၄၂)နှစ်နှင့် ဆင်စု ရပ်ကွက်နေ ဒေါ်မျိုးသီရိဇော်(၃၄)နှစ်တို့အား နေအိမ်အောက်ထပ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် စန်းစန်းအေးပါ ငါးဦးအား ပြည်မြို့မရဲစခန်း (ပ)၂၆/၂၀၂၆၊ လောင်းက စားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3458 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
