ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 31, 2025
၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ကလော- သာစည်ကားလမ်း မိုင်တိုင်အမှတ် ၅၅ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား မကွေကျေးရွာတံတားအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလော)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဌေး(၅၇)နှစ် မောင်းနှင်ပြီး သမီးဖြစ်သူ ဆုမွန်မွန်ကျော်(၃၂)နှစ် လိုက်ပါ လာသည့် MDY-13/8M-XXXX CANTER ခြောက်ဘီး မော်တော်ယာဉ်သည် ကော်မှုန့်အိတ်များ တင်ဆောင်လျက် ကလောမြို့မှ သာစည်မြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ အနက် ၁၅ ပေခန့် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် ကျော်ဌေးနှင့် ဆုမွန်မွန်ကျော်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျော်ဌေး အား ကလောမြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3208 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download