ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ တောင်ကြီး၊ ဩဂုတ် ၅


Ministry of Ethnic Affairs/ ရှမ်းပြည်နယ် / August 13, 2024
image_latest


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ် သည့် ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၅) ရက်နေ့က အေးသာယာမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။ 

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ဤရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌သာမက အခြားဖွင့်လှစ်သည့် သင်တန်းတိုင်း၌ တစ်ဆင့်မြင့်သည့် သင်တန်း များကို ထပ်မံသင်ယူလေ့လာကြရန် မှာကြားခဲ့ပါကြောင်း၊ သို့မှသာ Capacity Building မြင့်လာပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေ များဖြင့် သင်တန်းများအား ဖွင့်လှစ်ပေးနေပါကြောင်း၊ သင်တန်း သား/သူများအနေဖြင့် မျိုးဆက်သစ် များအား အခွင့်အလမ်းသာလျှင်သာသလို ယခုကဲ့သို့ ဖွင့်လှစ်သည့်သင်တန်းများသို့ ညွှန်းပို့ပေးစေ လိုပါကြောင်းနှင့် သင်တန်းသား/သူအချင်းချင်း စည်းစည်းလုံးလုံးဖြင့် သင်ကြားသင်ယူကြစေလို ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ 

ဆက်လက်ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်၍ မိမိအသုံးပြုသည့်ကွန်ပျူတာကို ပြုပြင်တတ်စေရန် ယခုကဲ့သို့ ကွန်ပျူတာအဆင့်မြင့်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်းကို ထပ်မံဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများသာမက အခြေခံအဆင့်တက်ရောက် ခဲ့ပြီးသည့် သင်တန်းသားများ ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှ E-government စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေသည့်အတွက် E-government စနစ်သို့ပြောင်းလဲရာတွင် ကွန်ပျူတာ ကို အသုံးချရန်အတွက်သာ တတ်မြောက်ပြီး ပျက်စီးမှုကိုမသိရှိလျှင် လုပ်ငန်းစဉ်နှောင့်နှေးနိုင်သည့် အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန် နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ အသုံးချနိုင်အောင် သင်ယူရန်နှင့် ဆရာများအနေဖြင့်လည်း အုပ်စုများစုဖွဲ့၍ လေ့ကျင့်သင်ကြား ပေးစေလိုပါကြောင်း၊ သင်တန်းပြီးမြောက်သည့်အခါ ဌာနတွင်းနှင့်ပြင်ပတွင် အသုံးချနိုင်သည့်အတွက် အထူးအလေးထား သင်ယူစေလိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အထူးလိုက်နာသင်ယူကြစေ လိုပါကြောင်းဖြင့် အမှာစကားပြောကြားပါသည်။ 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ခံအရာရှိများ ကပေးအပ်ခြင်း၊ သင်တန်းသားသင်တန်းသူများမှ အသီသီးမိတ်ဆက်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ 

အဆိုပါ ကွန်ပျူတာအဆင့်မြင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း(၁/၂၀၂၄)ကို (၅-၈-၂၀၂၄) ရက်နေ့မှ (၁၄-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရှှမ်းပြည်နယ် အတွင်းရှိ  ပအိုဝ်း၊ ဓနု၊ ကချင်နှင့် လားဟူစသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သားများ စုစုပေါင်း(၂၀)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

Newspaper - 3371 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download