ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ ပြည်သူများ၊ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား အနုပညာရှင်များ ဖျော်ဖြေတင်ဆက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ ပြည်သူများ၊ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား အနုပညာရှင်များ ဖျော်ဖြေတင်ဆက်
Ministry of Information/ Naypyitaw / December 22, 2025
နောင်ချို ဒီဇင်ဘာ ၂၁
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နောင်ချိုမြို့မှ ပြည်သူများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား သွားရောက်ဖျော်ဖြေတင်ဆက်ကြသည်။
တိမ်ပင်လယ်ရှုခင်းသာကို သွားရောက်လေ့လာ
နံနက်ပိုင်းတွင် ကျောက်မဲမြို့မှထွက်ခွာပြီး နောင်ချိုမြို့မှ ၁၆ မိုင် အကွာရှိ နောင်ချိုကြီး တိမ်ပင်လယ်ရှုခင်းသာကို သွားရောက်လေ့လာကြသည်။
ထိုနောင်ချိုကြီးတိမ်ပင်လယ် ရှုခင်းသာနေရာ၌ အပန်းဖြေနေရာ ခုနစ်ခုမှ ပြည်တွင်း/ပြည်ပခရီးသွားများအတွက် တည်းခိုနေထိုင်အပန်းဖြေနိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရန်အတွက် ပြင်ဆင်ထားရှိရာ ယခုအခါ ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာနေပြီဖြစ်သည်။
လှိုက်လှဲနွေးထွေးစွာကြိုဆို
ထို့နောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးတွေ့ဆုံပွဲကျင်းပမည့် နောင်ချိုမြို့အားကစားရုံသို့ရောက်ရှိကြရာ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးတွေ့ဆုံပွဲကိုကျင်းပရာ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” video clip ကို ဦးစွာဖွင့်လှစ်ပြသသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်ပြောကြားရာတွင် ရှမ်းမြောက်ဒေသရှိမြို့နယ်များ ပြန်လည်ထိန်းချုပ်နိုင်အောင် သက်စွန့်ဆံဖျားဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်သားများကို အထူးကျေးဇူးတင်ပါကြောင်း၊ တစ်ဆက်တည်းတွင် မြို့ရွာဒေသအား ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ဝိုင်းဝန်း ဆောင်ရွက်နေကြသော ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ပြီး အားတက်သရော ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း နောင်ချိုမြို့နယ်အတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုဖော်ဆောင်ပေးနိုင်မည့်သူများကိုရွေးချယ်ပြီး ဆန္ဒပြု မဲပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပြန်ကြားရေးဝန်ကြီးဌာနကလှူဒါန်းသည့် ခေါက်ဆွဲခြောက်၊ ငါးခြောက်ကြော်၊ ငံပြာရည်ချက်၊လက်ဖက်အကြော်စုံနှင့် ကော်ဖီထုပ်များအပါအဝင် စားသောက်ဖွယ်ရာများ၊ နောင်ချိုတပ်နယ်နှင့် ဌာနဆိုင်ရာများအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄၅ ဆူနှင့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်း အစုံ ၃၀၊ MRTV DVB T - 2 Set Top Box အစုံ ၂၀ တို့အား ပေးအပ် လှူဒါန်းရာ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
ယင်းနောက် နောင်ချိုတပ်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖျော်ဖြေတင်ဆက်ကြမည့် အနု ပညာရှင်များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
သီဆိုကခုန်ကာပါဝင်ဆင်နွှဲ
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်ကိုဆောင်ရွက်ရာ ရုပ်ရှင်သရုပ်ဆောင်ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/ တေးသံရှင် သံသာမိုးသိမ့်၊ တေးသံရှင် စစ်သွေး၊ ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့က သီဆိုဖျော်ဖြေကြရာ ပရိသတ်များကလည်း ပျော်ရွှင်စွာသီဆိုကခုန်ကာ ပါဝင်ဆင်နွှဲကြသည်။
ညနေပိုင်းတွင် ပြင်ဦးလွင်မြို့သို့ရောက်ရှိကြပြီး စစ်တက္ကသိုလ်ရှိ အနော်ရထာခန်းမ၌ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများအား ဖျော်ဖြေတင်ဆက်ပွဲပြုလုပ်ရာ ဦးစွာ ပြင်းထန်သည့်မြေငလျင်ဒဏ်ကိုကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမည့် ပိုမိုကောင်းမွန်သောအနာဂတ်နှင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ Video Clip များ ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်ပြောကြားပြီး ပြင်ဦးလွင်တပ်နယ်အတွက် MRTV DTH စလောင်းအစုံ ၁၀၀၊ MRTV T - 2 Set Top Box အစုံ ၁၀၀ နှင့် သုတ/ ရသစာအုပ်/ စာစောင်များအား ပေးအပ်လှူဒါန်းသည်။
ဖျော်ဖြေတင်ဆက်
ဆက်လက်၍ MRTV ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ ဝန်ထမ်းအဆိုရှင်များနှင့် နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဗိုလ်လောင်းများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
သတင်းစဉ်
Newspaper - 3387 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
