လက်ရှိကာလမှာ ပြည်သူလူထုတွေ့ကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ရေတိုမှာ ဖြေရှင်းနိုင်ပြီး ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်
လက်ရှိကာလမှာ ပြည်သူလူထုတွေ့ကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ရေတိုမှာ ဖြေရှင်းနိုင်ပြီး ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်
Ministry of Information/ Naypyitaw / March 27, 2025
ဒေါက်တာညိုညိုသင်း
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက်မှစတင်၍ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးရက်တာကျင်းပခဲ့ရာ ယနေ့စကားဝိုင်းဆွေးနွေးပွဲ တတိယနေ့တွင် ပါဝင်တက်ရောက် ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒေါက်တာ ညိုညိုသင်း
ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့
ဒီဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြောင်းလဲရေးအတွက် ပြည်သူလူထုကိုယ်စား ပြင်သင့်ပြင်ထိုက်တာတွေကို ဒီဆွေးနွေးပွဲမှာ လာရောက်တင်ပြဆွေးနွေးခဲ့ပါတယ်။ ပြည်သူလူထုရဲ့သဘောထားတွေကို တရားဝင်တင်ပြခွင့်ရတဲ့ စကားဝိုင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ နောင်ရေးအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။
လာမယ့် ဆွေးနွေးပွဲတွေမှာ ဒီထက်ပိုပြီး နိုင်ငံရေးအင်အားစုတွေ ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ ဆွေးနွေးပွဲမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေတိုးလာပြီး ယုံကြည်မှုတွေ တည်ဆောက်လာနိုင်ပြီး ဆွေးနွေးပွဲမှာ မပါသေးတဲ့ အင်အားစုတွေကိုလည်း ဖိတ်ခေါ်ပြီး တိုင်းပြည်နောင်ရေး အတွက် ဆွေးနွေးကြဖို့၊ တိုင်ပင်ကြဖို့နဲ့ ညှိနှိုင်းကြဖို့ ဒီဆွေးနွေးပွဲဟာ အစအဦးတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။
အခုလက်ရှိအခြေအနေမှာ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ဒီအခြေအနေတွေကို ပြန်ပြီးတော့ ကောင်းမွန်လာဖို့အတွက် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ ပညာရှင်တွေ အဖြေရှာကြဖို့လိုပါတယ်။ ဆွေးနွေးကြရမယ်၊ တိုင်ပင်ကြရမယ်၊ ညှိနှိုင်းကြရမှာဖြစ်ပါတယ်။ လက်ရှိကာလမှာ ပြည်သူလူထုတွေ့ကြုံနေရတဲ့၊ အခက်အခဲ အကျပ်အတည်းတွေကို ရေတိုမှာဖြေရှင်းနိုင်ပြီး ရေရှည်မှာငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်။
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ
ဒီနေ့ ဆွေးနွေးပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေ၊ တည်ငြိမ်အေးချမ်းဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေအပေါ်မှာ သုံးသပ်တင်ပြဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးက မြန်မာနိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေး ပြောကြားတဲ့အချိန်ကလည်း ၂၀၂၅ နှစ်ဦးပိုင်းလို့ ပြောလို့ရတယ်။ နှစ်ကုန်ပိုင်းမှာလည်း ရွေးကောက်ပွဲလုပ်မယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးကြမယ်၊ လူထုပါဝင်တဲ့ ငြိမ်းချမ်းမှုဖြစ်စဉ်တစ်ခု လူထုတောင်းဆိုတဲ့ ငြိမ်းချမ်းမှုဖြစ်စဉ်တစ်ခုဖြစ်မှပဲ လက်နက်ကိုင် ပဋိပက္ခတွေရပ်နိုင်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိဖို့လိုတယ်။ ရွေးကောက်ပွဲမတိုင်ခင် လုံခြုံမှုရှိဖို့၊ မဲပေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးစကားဝိုင်း- Peace Talk တွေနဲ့ စတာဖြစ်တယ်။ ပညာ ရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေ ကဏ္ဍအသီးသီးကပါဝင်တဲ့ ပုဂ္ဂိုလ်တွေ စကားဝိုင်းမှာတွေ့ဆုံဆွေးနွေးကြတယ်ဆိုကတည်းက လူအများစိတ်ဝင်စားမှု ဖြစ်သွားတယ်။
NSPNC အနေနဲ့ ဒီထက်ကြီးကြီးမားမား အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခုကို လုပ်သွားရမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေက ထွက်လာတဲ့ Outcomes တွေကို အကြီးအကဲဘက်က သဘောတူရင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု အောင်မြင်သွားမှာဖြစ်တယ်။ ပြေးလမ်းက အခုစပြီး လာမယ့်ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံ ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်းအောင် လုပ်ရမယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေလည်း ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။
နိုင်အောင်မငေး
ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်သစ်ပါတီ
NCA ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ တက်ရောက်တာ ဖြစ်ပါတယ်။ စကားဝိုင်းဆွေးနွေးပွဲ သုံးရက်တာ ဆွေးနွေးချက်တွေကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးအတွက်၊ ရေရှည်ငြိမ်းချမ်းရေးတည်တံ့ဖို့အတွက် အထောက်အကူ အများကြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ ဒါကြောင့်မို့ သုံးရက်တာ ဆွေးနွေးပွဲ တက်ရောက်ရတဲ့အပေါ်မှာ ကျွန်တော်တို့အတွက် အများကြီးအထောက် အကူဖြစ်ပါတယ်။ ဆွေးနွေးပွဲက သိရှိရတဲ့အချက်အလက်တွေကို ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ပါတီတွေကို ပြန်ပြီးတော့ ဝေမျှပေးသွားမယ် ဆိုရင် ပိုပြီးအကျိုးရှိမယ်လို့ထင်ပါတယ်။
စောစိန်ဝင်း
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)
အခုဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ အခင်းအကျင်းမှာ အမြင်သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအခင်းအကျင်းကနေတစ်ဆင့် တာဝန်ရှိလူကြီးတွေက ရှေ့ဆက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်။ အခုလိုစကားဝိုင်းတွေ များများလုပ်နိုင်လေ ပိုကောင်းလေလို့ မြင်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲမှာ အဓိကကတော့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အဓိကယုံကြည်မှု တည်ဆောက်ရင်းနဲ့ အားလုံး ပါဝင်တဲ့အခင်းအကျင်းတစ်ခုကို သွားသင့်တယ်လို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အားလုံးရဲ့အမြင်သဘောထားတွေ စုစည်းနိုင်တဲ့ ဆွေးနွေးပွဲ အခင်းအကျင်းတွေကို များများလုပ်ပေးနိုင်လေ ရလဒ်တွေနဲ့ အမြင်သဘောထားတွေကို စုစည်းနိုင်လေဖြစ်မယ်လို့ ထင်ပါတယ်။
နန်းစေအွာ
JMC ကိုယ်စားလှယ်
ဒီစကားဝိုင်းဆွေးနွေးပွဲ Peace Talk က ပထမဆုံးဖြစ်တယ်။ ပြည်သူလူထုအလွှာပေါင်းစုံကို ချပြနိုင်ဖို့အတွက် ဆက်ပြီးတော့ ဆွေးနွေးပွဲတွေလုပ်သွားဖို့လိုပါတယ်။ တက်ရောက်လာသူတွေက ပြန်လည်ပြီးတော့ မျှဝေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ သိလာကြပြီးတော့ လက်ခံလာမယ်ထင်ပါတယ်။
ကျွန်မတို့ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေဖြစ်တော့ လုံခြုံမှုက ပိုပြီးတော့ အရေးကြီးပါတယ်။ လုံခြုံမှုမရှိတဲ့ ဒေသတွေမှာ ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။ တိုင်းပြည်အေးအေးချမ်းချမ်း ပြန်နေနိုင်ဖို့က အစိုးရမှာ တာဝန်ရှိသလို အခြားအဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်။ စကားဝိုင်းတွေ့ဆုံဆွေးနွေးပွဲမှာ ကဏ္ဍစုံက လူတွေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ မီဒီယာတွေပါ ဆွေးနွေးပွဲမှာ ပါဝင်လာတယ်။ အခုလိုစကားဝိုင်းတွေကို သုံးလတစ်ခါ ဒါမှမဟုတ် ခြောက်လတစ်ခါ ပြုလုပ်တဲ့အခါမှာ အလွှာပေါင်းစုံကလည်း ပါလာစေချင်တယ်။ အားလုံးပါဝင်မှ ပဋိပက္ခတွေကို ဖြေလျှော့နိုင်မယ်။ ဖြေလျှော့နိုင်မှ ငြိမ်းချမ်းရေးရလာမယ်။ ငြိမ်းချမ်းရေးရမှ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
ဦးစိုင်းအိုက်ပေါင်း
ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
နိုင်ငံတော်အကြီးအကဲက ၂၀၂၅ ဒီဇင်ဘာမှာ ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ပြောကြားထားတယ်။ တိုင်းပြည်က ဒီမိုကရေစီကို သွားမယ်ဆိုရင် ရွေးကောက်ပွဲက မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လုံခြုံရေးက ရွေးကောက်ပွဲအတွက် အင်မတန်အရေးကြီးတယ်။ ပြည်သူလူထုမဲလာပေးတဲ့အခါမှာ စိုးရိမ်မှုမရှိဖို့လိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးကိုဖိတ်ခေါ်ပြီး အားလုံးပါဝင်တဲ့ အစုအဖွဲ့တွေနဲ့တွေ့ဆုံပြီး ညီလာခံကြီးကို ကျင်းပသွားမယ်ဆိုရင် နိုင်ငံအတွက်အများကြီး ကောင်းမွန်လာနိုင်ပါတယ်။ အချင်းချင်းပဋိပက္ခတွေဖြစ်နေမယ့်အစား ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ညှိနှိုင်းဆွေးနွေးသွားရင် အောင်မြင်သွားမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း-သန်းကျော်အောင်
ဓာတ်ပုံ- ဂျိုင်းလော(သတင်းစဉ်)
Newspaper - 3373 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
