လူငယ်လူရွယ်မျိုးဆက်သစ်များအတွက် စံနမူနာကောင်းများအဖြစ် ဂုဏ်ယူ
လူငယ်လူရွယ်မျိုးဆက်သစ်များအတွက် စံနမူနာကောင်းများအဖြစ် ဂုဏ်ယူ
Ministry of Information/ Naypyitaw / April 14, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများမှာ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့ပြီဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့်အတူပြည်သူ့စစ်မှုထမ်း တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပါ ချီးမြှင့်ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းများသည်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသောတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်လျက်ရှိကြရာ မကြာသေးမီအချိန်အထိ ၎င်းတို့ထဲမှသူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၇၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်နှင့်တပ်မတော်ကလည်း ပြည်သူ့စစ်မှုထမ်းများ စစ်မှုထမ်းဆောင်စဉ်ကာလတစ်လျှောက် ရသင့်ရထိုက်သည့်အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်မှုထမ်းကာလပြီးဆုံးပြီးသည့် ပြည်သူ့စစ်မှုထမ်းများသည် မိမိတို့သဘောဆန္ဒအလျောက်တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ကြသည်ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသူ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့ ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည်ဟုလည်း သိရသည်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်သို့ အလားတူ ရာထူးအတိုင်းပြန်လည်ခန့်အပ်ခံကြရပြီး နိုင်ငံတော်ကပေးအပ် ချီးမြှင့်သည့်ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိကြသည်။ ယခင်အလုပ်အကိုင်မရှိသူများ အလုပ်အကိုင်ရရှိရေးနှင့်ပတ်သက်၍ ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင်လုပ်ငန်းကော်မတီငါးခုဖွဲ့စည်း၍ စီမံဆောင်ရွက်နေခြင်းဖြစ်သည်။ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကိုသက်ဆိုင်ရာ သင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ ဥပဒေအရ သတ်မှတ်ချက်များနှင့် ကိုက်ညီအကျုံးဝင်သူများမှာ ပြည်သူ့စစ်မှုထမ်းတာဝန်ကို သတ်မှတ်ကာလအလိုက် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းစဉ် သည်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစည်းကမ်းတကျ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့်မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက အရေးယူလျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာများက ယခင်ကရော ယခုအချိန်ထိပါ မမှန်မကန်သတင်းများကို ရေးသားထုတ်လွှင့်ပြီးတပ်မတော်နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအပေါ် ပြည်သူလူထုအထင်အမြင် လွဲမှားစေရေးအတွက် လုပ်ကြံဝါဒဖြန့်မှုများ အဆက်မပြတ်ပြုလုပ် လျက်ရှိကြသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် မည်သို့ပင်လုပ်ကြံ ဝါဒဖြန့်နေကြစေကာမူ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တို့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို နိုင်ငံသားတာဝန် ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁)မှ ပြည်သူ့စစ်မှုထမ်းများမှာ နိုင်ငံ့တာဝန်ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလပြည့်မြောက်ခဲ့ပြီးနောက် အမှတ်စဉ်များ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ တာဝန်ကျေပွန်ပြည့်မြောက်လာကြမည်ဖြစ်ရာ နိုင်ငံသားကောင်းတို့၏ သမိုင်းမှတ်တိုင်များပင်ဖြစ်ပြီး နောင်မျိုးဆက်သစ် လူငယ်လူရွယ်များအတွက် စံနမူနာကောင်းများအဖြစ် ဂုဏ်ယူကြရပါမည့်အကြောင်း။။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
