လူလုပ်သစ်တောများဖန်တီး၍ အပူဒဏ်အန္တရာယ်ကို တွန်းလှန်
လူလုပ်သစ်တောများဖန်တီး၍ အပူဒဏ်အန္တရာယ်ကို တွန်းလှန်
Ministry of Information/ Naypyitaw / May 27, 2026
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းသို့ အနောက်တောင် မုတ်သုံလေဝင်ရောက်လာပြီဖြစ်သလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ မြင့်မားလျက်ရှိနေသည်။ မေလ ၂၃ ရက်က အမြင့်ဆုံးနေ့အပူချိန်များတွင် ချောက်မြို့၌ ၄၄ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ် ( ၁၁၁ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။ ယခင်ရက်များက မြင်းမူ၊ မင်းဘူး၊ ညောင်ဦးစသည့် မြို့များတွင်လည်း ထိုမျှနီးနီး အပူချိန်ကြီးခဲ့ကြသည်။ နှစ်စဉ် နွေရာသီတွင် အပူချိန်မြင့်မားသည့်ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းခြောက်သွေ့သော ရပ်ဝန်းဖြစ်သည်။
“ပြီးခဲ့သည့် နွေရာသီကာလအတွင်း အပူချိန်မြင့်မားခဲ့သည့် ဒေသများအားမှတ်သား၍ ယခုမိုးရာသီကာလအတွင်း သစ်ပင်များတိုးချဲ့စိုက်ပျိုးခြင်း၊ ရှိပြီးသားအပင်များအား ထိန်းသိမ်းခြင်း၊ အပူရှောင်နေရာများ သတ်မှတ်ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းဒေသများမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍လည်း အမြဲမပြတ်ကြည့်ရှုပေးရန်လိုပြီး ရာသီဥတုပြင်းထန်မှုဒဏ်ကို အသက်သာဆုံးနည်းလမ်းဖြင့် ဖြတ်သန်းနိုင်ရေးဒေသဆိုင်ရာ အစိုးရများက နည်းလမ်းရှာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး သတ်မှတ်ထားသည့် ၁၃ ခရိုင်အတွင်း လာမည့်သစ်ပင်စိုက်ရာသီတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ် မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုရာသီဥတု စတင်ဖြစ်ပေါ်ရန် ၈၂ ရာခိုင်နှုန်းအထိ သေချာနေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ထုတ်ပြန်ထားပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင်အပူချိန်များ စံချိန်တင် လျင်မြန်စွာမြင့်တက်လာနေသောကြောင့် ယခုနှစ်ကုန်ပိုင်း (အောက်တိုဘာမှ ဖေဖော်ဝါရီ)တွင် အလွန်အားကောင်းသော စူပါအယ်လ်နီညိုအဆင့်အထိ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်များဖြစ်လာနိုင်ရာ ၎င်းအခြေအနေကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသများ ကြုံတွေ့ရနိုင်သည်။ အရှေ့တောင်အာရှဒေသတွင် ပုံမှန်အောက် မိုးရွာသွန်းမှုလျော့နည်းပြီး မိုးခေါင်ရေရှားမှုများဖြစ်လာနိုင်သည်။ အပူရှိန်ပြင်းပြီး မိုးခေါင်မှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှုန်းများ ကျဆင်းနိုင်သည်။ တောမီးလောင်ကျွမ်းမှုအန္တရာယ်လည်း ပိုမိုမြင့်မားလာနိုင်သည်ဟူ၍ ခန့်မှန်းလျက်ရှိသည်။ သို့ဖြစ်ရာ အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာမည့် အပူဒဏ်နှင့် သီးနှံပျက်စီးမှုဖြစ်လာနိုင်သည့် အန္တရာယ်တို့ကို ကြိုတင်ပြင်ဆင်ကာကွယ်မှုအစီအမံများ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရာသီဥတုနှင့် နေ့စဉ် မိုးလေဝသအခြေအနေတို့နှင့်ပတ်သက်၍ မိုး/ဇလမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေမှုတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြရန်လိုသည်။
မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ အက်ဖ်အေအို၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ နိုင်ငံ့ဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းထားသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ သော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သုညဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒေသအများအပြား၌ PDF အပါအဝင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက ၎င်းတို့အကျိုးစီးပွားအတွက် သယံဇာတခိုးထုတ်မှုများကို အများအပြားကျူးလွန်ခဲ့ကြရာ သစ်တောပြုန်းတီးမှု မည်မျှရှိမည်ကို ခန့်မှန်း၍မရနိုင်သေးသည့်တိုင် ပမာဏကြီးမားကြောင်း ဒေသခံပြည်သူများက ပြောကြားနေကြသည်။
မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်းနှင့်အတူ မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် သစ်ပင်စိုက်ရာသီလည်း စတင်တော့မည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာတွင် နွေရာသီ၌ အပူချိန်မြင့်မားခဲ့သည့် ဒေသနေပြည်သူများက မိမိတို့နေထိုင်ရာ မြို့ရွာများ စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်လာရေးအတွက် ပိုမိုအားထုတ်လုပ်ကိုင်ကြရမည်ဖြစ်သည်။ ယခုစိုက်သည့် သစ်ပင်များသည် အချိန်တန်အရွယ်ရောက်မှသာလျှင် အသီးအပွင့်နှင့် အရိပ်အာဝါသတို့ကို ပေးနိုင်မည်ဖြစ်ရာ စိုက်ပြီးသည့် အပင်များကောင်းစွာရှင်သန်ရေးအတွက် ဝိုင်းဝန်းပြုစုကြရန်လည်း လိုအပ်သည်။ ဒေသများ စိမ်းလန်းစိုပြည်လာပါက ရာသီဥတုသည်လည်း လိုက်ပါပြောင်းလဲလာနိုင်သည်ဖြစ်ရာ မြို့တွင်း၊ ရွာတွင်းမှာသာမက ပတ်ဝန်းကျင်ဒေသများ၌ပါ လူလုပ်သစ်တောများဖန်တီး၍ အပူဒဏ်ကို အစိမ်းရောင်တံတိုင်းဖြင့် တွန်းလှန်ကြရပါမည့်အကြောင်း။ ။
Newspaper - 3538 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
