သင်္ကြန်ပိတ်ရက်ရှည်ကာလ ငွေဆောင်၊ ချောင်းသာ ဟိုတယ်များတွင် ၇၅ ရာခိုင်နှုန်းခန့် အခန်းများ ကြိုတင်မှာယူထား


Ministry of Information/ Naypyitaw / April 10, 2026
image_latest


ရန်ကုန် ဧပြီ ၉

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ဝင်ရောက်မည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပိတ်ရက် ကိုးရက်တာအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင် အပန်းဖြေအနားယူရန် ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်အား ကြိုတင်စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၆ လုံး၊ အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်း‌ပေါင်း ၄၄၃ လုံး၊ အခန်း‌ပေါင်း ၆၈၁၃ ခန်းရှိရာ ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် တည်းခိုခန်းပေါင်း ၅၀၆၉ လုံးတွင် အခန်း‌ပေါင်း ၁၂၀၈၈ ခန်း၌ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အေးချမ်းပျော်ရွှင်စွာ တည်းခိုနိုင်ရန် အသင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၁၉ သိန်းကျော်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခရီးသွား ၁၅ သိန်း ကျော်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ် ၃၁ ရက်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၆၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကာ အထူးသဖြင့် ယခုနှစ်ဆန်းပိုင်း၌ ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၂၀၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွား ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ်သည် ယမန်နှစ်ထက် ခရီးသွားပိုမိုဝင်ရောက်ဖွယ်ရှိကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ခန့်မှန်းထားသည်။

“ယခုလာမယ့် သင်္ကြန်ပိတ်ရက် ပင်လယ်ကမ်းခြေမှာ အပန်းဖြေကြမယ့် ခရီးသွားတွေကို ငွေဆောင်၊ ချောင်းသာဟိုတယ်များက အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။ ကျွန်တော်တို့ဌာနကလည်း ကြိုတင်ပြီးဟိုတယ်တွေကို သင်တန်းတွေပေးထားပြီးပါပြီ။ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် အားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်။ သင်္ကြန်ကာလမှာ အပန်းဖြေဖို့အတွက် ဟိုတယ်၊ တည်ခိုခန်း ၇၅ ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ။ မြန်မာ့နှစ်သစ်ကူးပိတ်ရက် ပင်လယ်ကမ်းခြေမှာ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူဖို့နဲ့ သင်္ကြန်ကာလမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူနဲ့အခြားသင်္ကြန်အစားအစာ စတုဒိသာများနဲ့ဧည့်ခံဖို့ ဟိုတယ်နဲ့တည်းခိုခန်းများက ပြင်ဆင်ထားကြပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။

ယမန်နှစ် သင်္ကြန်ကာလတွင် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရင်ဂျီကမ်းခြေသို့ အပန်းဖြေခရီးသွားများ စည်ကားစွာဝင်ရောက်ခဲ့ပြီး ယခုနှစ်သင်္ကြန်ကာလတွင်လည်း ပင်လယ်ကမ်းခြေတို့တွင် အပန်းဖြေအနားယူကြမည့် ခရီးသွားများ ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့်ကို ကြိုတင်မှာယူထားပြီးဖြစ်ကြောင်း သိရသည်။

သတင်းဥဿ၊ ဓာတ်ပုံ-ကိုလွင်

Newspaper - 3498 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download