သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့်သင်္ကြန်နှင့် လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်တို့ကို ဧည့်ခံကျွေးမွေးမည်
သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့်သင်္ကြန်နှင့် လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်တို့ကို ဧည့်ခံကျွေးမွေးမည်
Ministry of Information/ Naypyitaw / April 02, 2026
မြစ်ကြီးနား ဧပြီ ၁
၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင်လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်မှ မီးရထား သံလမ်းကူးနေရာအထိ လမ်းအရှည်ပေ ၉၅၀ ပေါ်တွင် ဗဟိုမဏ္ဍပ်ကို (၁၂၂ ပေ x ၃၆ ပေ x ၄ ပေ) ဖြင့် တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း စတုဒိသာမဏ္ဍပ်များ၊ မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာသနပ်ခါး (နံ့သာလိမ်းခြယ်) မဏ္ဍပ်များနှင့်လောင်းလှေများဖြင့် ရေပက် ကစားနိုင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးကပြောသည်။
ထို့အပြင် ဗဟိုမဏ္ဍပ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တက္ကသိုလ်များမှ ယိမ်းအဖွဲ့ ၁၈ ဖွဲ့တို့က ကပြဖျော်ဖြေယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲနှင့် သင်္ကြန်နှင့်လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စသည်တို့ကို နံနက်ပိုင်းတွင် လူဦးရေ ၆၀၀၀၊ ညနေပိုင်းတွင် လူဦးရေ ၆၀၀၀ ဖြင့် တစ်ရက်လျှင် လူဦးရေ ၁၂၀၀၀ စာဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဂါလန် ၅၀၀၀၀ ဆံ့ ရေလှောင်ကန် နှစ်ကန်တူးဖော်ဆောင်ရွက်ထားပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း ရေပန်းများ၊ ပုသိမ်ထီး၊ ရောင်စုံထီးအလှများ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ် သင်္ကြန်ပွဲတော်ကို တစ်မူထူးခြားပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆွမ်ပရာဘွမ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်အတွင်း၌လည်း ဧရာဦးပန်းခြံနှင့် မင်းရပ်ပြည်သူ့ရင်ပြင်အကြား အရှည်ပေ ၆၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်း ဘေးရှိ ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါဧရာဝတီရှုခင်းသာသည် ဧရာဝတီ မြစ်ဘေးတွင်ရှိသည့်အတွက် အများပြည်သူပျော်ရွှင် စွာဆင်နွှဲရာတွင် ဧရာဝတီမြစ်အတွင်း ရေကစားခြင်းနှင့် ပြည်သူများအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးတာဝန်ရှိသူများက လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်၍ စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
Newspaper - 3488 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
