သတိထား၍ ကြိုတင်ကာကွယ်လျှပ်စစ်မှ အစပြုသည့် မီးအန္တရာယ်
သတိထား၍ ကြိုတင်ကာကွယ်လျှပ်စစ်မှ အစပြုသည့် မီးအန္တရာယ်
Ministry of Information/ Naypyitaw / February 27, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ အာဟာရသုခဈေးအတွင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်းပေါင်း ၂၄၀ မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ်စဉ်သည် ပွဲရုံတန်းတွင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပွားရာမှ စတင်ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် မီးလောင်မှု၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်း၏ ဘော်ဒါဆောင်မီးလောင်မှု စသည်တို့မှာလည်း လျှပ်စစ်နှင့်ဆက်နွှယ်၍ ဖြစ်ပွားသည့် မီးလောင်မှုများဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်မှု စုစုပေါင်း ၁၉၆ ကြိမ် ဖြစ်ပွားခဲ့ရာ မီးဖိုမီး ၂၈ ကြိမ်၊ ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး ၄ ကြိမ်၊ လျှပ်စစ်မီး ၇၅ ကြိမ်၊ မသမာသူရှို့မီး ၅ ကြိမ်၊ တောမီး ၁၆ ကြိမ်၊ သောင်းကျန်းသူ ရှို့မီး ၃ ကြိမ် ရှိခဲ့သည်။ သို့ဖြစ်ရာ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများတွင် လျှပ်စစ်နှင့်ပတ်သက်၍ လောင်ကျွမ်းသည့်မီးမှာ အကြိမ်ရေအများဆုံးဖြစ်နေသည်။ ရေရှည်တွင် လူဦးရေတိုးတက်များပြားလာခြင်း၊ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ စီးပွားရေးပိုမိုမြင့်မားလာခြင်း စသည်ဖြင့် အခြေအနေအရပ်ရပ်တို့အရ လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြမည်ဖြစ်ရာ လျှပ်စစ်ကြောင့် မီးလောင်မှုများ ပိုမိုမဖြစ်ပွားရေးအတွက် လျှပ်စစ်ကို စနစ်တကျသုံးစွဲကြရမည်ဖြစ်သည်။
လျှပ်စစ်မီးလောင်ရသည့် အကြောင်းရင်းများတွင် ဝိုင်ယာရှော့ (Short Circuit) ဖြစ်ခြင်းကြောင့်ဖြစ်သည်ကို မကြာခဏတွေ့ရသည်။ လျှပ်ကာများ ပေါက်ပြဲပျက်စီးနေသည့် ဝိုင်ယာကြိုးနှစ်ခု ထိတွေ့ရာမှ မီးပွားများထွက်ပြီး မီးစွဲလောင်ခြင်းကို ဝိုင်ယာရှော့ဟု ဆိုခြင်းဖြစ်သည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးကြိုးများ အရည်အသွေးညံ့ခြင်း၊ ဟောင်းနွမ်းနေခြင်း၊ ပလတ်ခေါင်းများ ချောင်နေခြင်း စသည့်အကြောင်းများကြောင့်လည်း အပူချိန်မြင့်တက်လာပြီး မီးလောင်နိုင်သည်။ မီးကြိုးတစ်ချောင်းတည်းတွင် လျှပ်စစ်ပစ္စည်းများစွာကို တစ်ပြိုင်တည်း သုံးစွဲခြင်းကြောင့် ဝန်အားများခြင်း (Overload) ဖြစ်ပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်သည်။ မီးလာခြင်း၊ မီးပျက်ခြင်း (Voltage Unstable) ဗို့အား အတက်အကျကြောင့် အင်ဗာတာ သို့မဟုတ် လျှပ်စစ်ပစ္စည်းများ ပျက်စီးမီးလောင်ခြင်း၊ Fuse / Breaker စသည့် အကာအကွယ်ပစ္စည်းများ မသုံးခြင်း သို့မဟုတ် အရည်အသွေးကောင်းသည့် ပစ္စည်းကို အသုံးမပြုခြင်းတို့ကြောင့် လျှပ်စစ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်စေနိုင်သည်။
ဝိုင်ယာရှော့မှ မီးမလောင်စေရန်အတွက် အိမ်တွင်း၊ ဆိုင်တွင်း ဝိုင်ယာသွယ်တန်းရာတွင် သတ်မှတ်စံချိန်စံညွှန်းမီသော ဝိုင်ယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို မှန်ကန်စွာ သုံးစွဲကြရန်လိုသည်။ ဝိုင်ယာရှော့ဖြစ်လျှင် အလိုအလျောက် မီးဖြတ်ပေးသည့် Circuit Breaker (CB) များ တပ်ဆင်ထားကြရန်နှင့် လျှပ်စစ်ယိုစိမ့်မှုဖြစ်လျှင် မီးဖြတ်ပေးနိုင်သည့် Earth Leakage Circuit Breaker (ELCB) တပ်ဆင်ရန်လည်း လိုအပ်မည်ဖြစ်သည်။ အိမ်များ၊ ဆိုင်ခန်းများတွင် သွယ်တန်းထားသည့် မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ဟောင်းနွမ်းပြီး ပေါက်ပြဲပျက်စီးနေခြင်းများကို စစ်ဆေးပြီး အချိန်မီလဲလှယ်ကြရန်၊ ပလတ်တစ်ခုတည်းတွင် အပူပေးစက်၊ ရေခဲသေတ္တာ၊ အဲကွန်းစသည်ဖြင့် လျှပ်စစ်ပစ္စည်းအများအပြား ပူးတွဲအသုံးမပြုရန်၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုများကို ကျွမ်းကျင်သူနှင့် ပုံမှန်စစ်ဆေးရန်လည်း အလေးထားဆောင်ရွက်ကြရန် လိုသည်။ အထူးသဖြင့် မီးပျက်ချိန်နှင့် မလိုအပ်တော့သည့် အချိန်၊ အိမ်ပြင်သို့ထွက်သည့်အချိန်၊ အနားယူအိပ်စက်ချိန် စသည် တို့တွင် သုံးလက်စလျှပ်စစ်ပစ္စည်းများကို မပျက်မကွက် ပိတ်ရန်ပင် ဖြစ်သည်။
မီးဘေးအန္တရာယ်မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်၍ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့် မီးလောင်မှုကို ရှောင်ကြဉ်နိုင်သည်။ လျှပ်စစ်မီးမျှသာမဟုတ်၊ အခြားသော မီးဖိုမီး၊ ပေါ့ဆမီး စသည်တို့မှာလည်း မီးသုံးစွဲသူတို့ ပေါ့ဆမှုများကြောင့်သာလျှင်ဖြစ်ရာ မီးကို တစ်နည်းနည်းဖြင့် အသုံးပြုကြသူတိုင်းက သုံးစွဲသည့်အခါတိုင်းတွင် ဂရုတစိုက်သုံးစွဲကြရန်၊ မီးဘေးကာကွယ်ရေး အသိရှိကြရန်လိုသည်။ မီးလောင်ခံရသည့်အခါ မိမိတို့ပိုင်ဆိုင်သည့် အိုးအိမ်စည်းစိမ်ဥစ္စာ ဆုံးရှုံးရပြီး နိမ့်ကျသည့် ဘဝအခြေအနေသို့ တစ်ခဏအတွင်းရောက်ရှိသွားသည့် သာဓကများစွာရှိနေရာမီးကို မပေါ့မဆအသုံးပြုကြရေးနှင့် မီးဘေးရှောင်မလောင်ခင်တားနိုင်ကြရေး နှိုးဆော်သတိပေးအပ်ပါကြောင်း။ ။
Newspaper - 3454 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
