သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်းများတွင် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၁

“နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် ခေါ်ယူလေ့ကျင့်ပေးပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်စေလျက်ရှိသည်။

ထိုသို့ တပ်ရင်း/တပ်ဖွဲ့များ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ အခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းပေးအပ်ခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။

ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦးပီသစွာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်လာခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများတွင်လည်း ၎င်းတို့၏ အောင်မြင်စွာနှင့် ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့မှုအပေါ် မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာဂုဏ်ယူမဆုံးဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြုပန်းခြင်းများ၊ အောင်သပြေပန်းခက်များ၊ အိုးစည်ဒိုးပတ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။ တာဝန်ပြီးမြောက်၍ မိသားစုများထံသို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုများအနေဖြင့် တပ်မတော်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မှု၊ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုအပေါ် ဝမ်းမြောက်မှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရခြင်းအပေါ် ပျော်ရွှင်ရမှုနှင့် ၎င်းတို့အပေါ် မိသားစုနှင့် ပတ်ဝန်းကျင်ကပါ ဂုဏ်ယူလေးစားစွာ ကြိုဆိုခဲ့မှုအပေါ် ကြည်နူးဂုဏ်ယူရမှုတို့ကို ၎င်းတို့၏ အိမ်ပြန်ခရီးကြိုဆိုမှုမြင်ကွင်းများကို လူမှုကွန်ယက်စာမျက်နှာများတွင် ယခုကဲ့သို့ တွေ့မြင်ရပါသည်။

အဆိုပါနိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် စစ်မှုထမ်းကာလပြီးမြောက်ပါက အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3503 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download