သန်းခေါင်စာရင်းက ပြဆိုနေသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
သန်းခေါင်စာရင်းက ပြဆိုနေသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
Ministry of Information/ Naypyitaw / October 28, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထွက်ပေါ်လာခဲ့ပြီဖြစ်ရာ နိုင်ငံတော်၏ လက်ရှိလူဦးရေ၊ မြို့ပြနှင့် ကျေးလက်တို့တွင် နေထိုင်နေကြသည့် လူဦးရေ၊ နိုင်ငံသူနိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေနှင့် မည်သည့်အလုပ်များ လုပ်ကိုင်နေကြသည့်အခြေအနေ၊ ရွှေ့ပြောင်းသွားလာမှုအခြေအနေနှင့် လူမှုဘဝအခြေအနေတို့ကို ကိန်းဂဏန်း စာရင်းဇယားအချက်အလက်များဖြင့် တိတိကျကျသိရှိကြရပြီဖြစ်သည်။ အဆိုပါကိန်းဂဏန်း အချက်အလက်များက မိမိတို့နိုင်ငံတွင် ရေတိုရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းဆောင်တာများအတွက် ရည်ညွှန်းကိုးကားရန် အဖိုးတန်သည့် အရင်းအမြစ်လည်းဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄၉ သန်း ရှိသည်။ ၁၀ နှစ် ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး တစ်နည်းအားဖြင့် ၅၁ ဒသမ ၃၁ သန်း ကျော်ဖြစ်ရာ လူဦးရေတိုးနှုန်းအရ တိုးလာရမည့်အစား အနည်းငယ်မျှလျော့ကျသွားခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်စဉ်ကလည်း မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်း ၀ ဒသမ ၈၉ ရာခိုင်နှုန်းအရ မြန်မာနိုင်ငံ၏လူဦးရေကို သန်း ၆၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြရာမှ ကောက်ယူရရှိသည့်စာရင်းတွင် လျော့နည်းနေခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များ မရရှိမီကလည်း မြန်မာနိုင်ငံ၏လူဦးရေကို ၅၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ရှေ့ပြေးလူဦးရေစာရင်း ထွက်ပေါ်လာသည့်အခါ လျော့နည်းနေသည်ကို တွေ့ရသည်။
“သန်းခေါင်စာရင်း၏ ဖော်ပြချက်များသည် မိမိတို့နိုင်ငံ၏ အခွင့်အလမ်းများနှင့်အတူ ယှဉ်တွဲပြီးလုပ်ဆောင်ရမည့်တာဝန်များကိုလည်း တစ်ပါတည်း ညွှန်းဆိုဖော်ပြလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရအရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းမှု သိသိသာသာနည်းပါးနေကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များ အတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုမြင့်မားလာခြင်းနှင့်မိသားစုပုံစံများ ပြောင်းလဲလာခြင်း တို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းငါးနိုင်ငံရှိရာ အိန္ဒိယနှင့် တရုတ်တို့မှာ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နိုင်ငံကြီးများဖြစ်သည်။ ၂၀၂၄ ခုနှစ် စာရင်းအရ အိန္ဒိယ၏လူဦးရေမှာ ၁ ဒသမ ၄၅၁ ဘီလီယံရှိပြီး တရုတ်၏လူဦးရေမှာ ၁ ဒသမ ၄၀၉ ဘီလီယံရှိသည်။ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ ၁၇၃ ဒသမ ၆ သန်းရှိပြီး ထိုင်းမှာလူဦးရေ ၇၁ ဒသမ ၆၇ သန်းရှိသည်။ လာအိုတစ်နိုင်ငံတည်းသာ လူဦးရေ ၇ ဒသမ ၇၇ သန်းရှိပြီး မြန်မာနိုင်ငံလူဦးရေထက် နည်းသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေသယံ ဇာတ၊ မြေသယံဇာတနှင့် သဘာဝသယံဇာတများ ပိုင်ဆိုင်ထားလျက်ရှိရာ မိမိနိုင်ငံ၏အကျယ်အဝန်းနှင့်အညီ ရှိသင့်ရှိထိုက်သည့် လူဦးရေဖြစ်ပေါ်လာစေရန် လူဦးရေဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ထို့အပြင် နိုင်ငံ့လူဦးရေတွင် အားသာချက်ဖြစ်သော အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစားများပြားနေဆဲ၊ လူဦးရေဆုလာဘ်(Demographic Bonus)ကို ရရှိနေဆဲဖြစ်ရာ လူငယ်လူရွယ်တို့၏ အလုပ်လုပ်နိုင်သည့် စွမ်းအားကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအသုံးပြုနိုင်ရန်လည်း ဆောင်ရွက်သွားရန်လိုအပ်သည်။ သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအသီးသီးတို့တွင် အမှန်ကန်ဆုံးနှင့် အကျိုးရှိဆုံး အသုံးပြုသွားကြရပါမည့် အကြောင်း။ ။
Newspaper - 3331 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
