သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၂၅) ထွက်ရှိ


Ministry of Information/ Naypyitaw / October 22, 2025
image_latest


နေပြည်တော်   အောက်တိုဘာ  ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၂၅)”စာအုပ်သည် ပြည်သူများအသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ပြန်တမ်းဝင်အရာရှိအဆင့်(စတင်ခန့်) စာမေးပွဲများနှင့် အခြားဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်၊ သိရှိလိုသည့်အချက်အလက်များကို တစုတစည်းတည်းရှာဖွေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ၂ဝဝ၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ်ထုတ်စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့်သဝဏ်လွှာကောက်နုတ်ချက်များ၊ ၂ဝ၂၅   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊  မြန်မာနိုင်ငံတွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သောမြေငလျင်ကြီးများ၊ နိုင်ငံတကာပဋိပက္ခဖြစ်ပွားမှုမှတ်တမ်းအကျဉ်း၊ မြန်မာ့ရေးရာနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတကာရေးရာသိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာသိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ဖော်ပြထားသည်။

ထို့ပြင်  နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ  သိမှတ်ဖွယ်ရာအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက် ဗဟုသုတရှာမှီးလိုသူများ၊ ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင်ထားသင့်သည့်စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များပေါ်ထွန်းလာစေရေးအတွက် အထောက်အကူပြုမည့် စာအုပ်ဖြစ်သဖြင့် အိမ်တိုင်းရှိစာအုပ်စင်တိုင်းတွင်ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ၌ ဝူဖရီးစက္ကူဖြင့်ထုတ်ဝေပြီး နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန်အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ် (၂၂/၂၄) ပန်းဆိုးတန်းလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁-၈၃၈၄၈၁၃၊ ၀၁-၈၃၇၁၃၄၂၊ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့်အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။ သတင်းစဉ်

Newspaper - 3325 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download