ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / February 06, 2026
နေပြည်တော် ဖေဖော်ဝါရီ ၅
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားတတ်စေရန်၊ မြန်မာတို့၏ (၁၂)လ ရာသီပွဲတော်များ၏ အနှစ်သာရကို သိရှိနားလည်ကာ ဖော်ထုတ်မြှင့်တင်နိုင်ရန် ဝန်ထမ်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၃)၌ ကျင်းပသည်။
ထမနဲထိုးပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်ဇုန်ရှိဟိုတယ်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ (၁၂) လရာသီပွဲတော်များ၊ ပြိုင်ပွဲများနှင့် ခရီးစဉ်ဒေသများကို ချိတ်ဆက်ကာ မြန်မာနိုင်ငံကို ဆွဲဆောင်မှုရှိသော အထင်ကရခရီးစဉ်ဒေသ တစ်ခုဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာပွဲတော် များ၏ အနှစ်သာရကို ထင်ဟပ်ပေါ်လွင်အောင်ဆောင်ရွက်၍ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုသိရှိလာစေရန် နည်းပညာသုံးခရီးသွားမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ကြရမည် ဖြစ်ကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံ၏ ရာသီပွဲတော်များ၊ ပြိုင်ပွဲများနှင့် ခရီးစဉ်ဒေသများကို ပေါင်းစည်းကာ Festival Tourism ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်ဝန်ကြီးဌာန မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှအသင်း သုံးသင်း၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပြိုင်ပွဲဝင် အသင်းကိုးသင်း စုစုပေါင်းအသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မြန်မာ့ရိုးရာဓလေ့ စရိုက်များကို ထိန်းသိမ်းတန်ဖိုးထားကာ စည်းလုံးမှု၏ စွမ်းအားနှင့်ညီညွတ်မျှတစွာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ အသင်းအလိုက် တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ဆုရအသင်းများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းမိသားစုများကို ထမဲနဲများဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
Newspaper - 3433 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
