အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကျင်းပ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကျင်းပ
Ministry of Information/ Naypyitaw / December 30, 2025
နေပြည်တော် ဒီဇင်ဘာ ၂၉
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြသည်။
ပိုမိုလုပ်ဆောင်လာ
အစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုသည် နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်း (Global Terrorism Index-GTI) အစီ ရင်ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်သည် သမားရိုးကျ နည်းလမ်းများမှ နည်းပညာမြင့်မားသည့် Hybrid ပုံစံသို့ ကူးပြောင်းလာနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ Non-State Actor များသည် Drone များကို ပိုမိုအသုံးပြုလာကြောင်း၊ မိမိနိုင်ငံတွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် Drone နည်းပညာဖြင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့်အပြင် ဆိုက်ဘာနယ်ပယ်ကို အသုံးပြု၍ ဝါဒဖြန့်ခြင်း၊ ရန်ပုံငွေရှာခြင်းတို့ကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် ရေးဆွဲ၍ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့် ၁၉ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီ ၃ ရပ်နှင့် လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။
ထောင်နှင့်ချီပြီး အသက်ဆုံးရှုံး
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ကို ဆန့်ကျင်ရှုတ်ချသူများကိုသာမက မထောက်ခံသူများ၊ အေးချမ်းစွာ နေထိုင်လိုသူများကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံစွပ်စွဲ သတ်ဖြတ်ခဲ့ကြ ပါကြောင်း၊ သို့ဖြစ်၍ ရဟန်းသံဃာများ၊ သီလရှင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေ အုပ်ချုပ်ရေးစသည်တို့အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သာမန်ပြည်သူများ ထောင်နှင့်ချီပြီး အသက် ဆုံးရှုံးခဲ့ရပါကြောင်း၊ ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနှင့် ပစ္စည်းများ စုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံး ခဲ့ကြောင်းနှင့် ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း။
တားဆီးတိုက်ဖျက်ရန်လို
ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်အဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့အပါအဝင် တရားမဝင် လမ်းကြောင်းများမှ ရန်ပုံငွေရှာဖွေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Financial Action Task Force (FATF) ၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်နိုင်ရေးအတွက် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုကို တားဆီးတိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၃၇၃) နှင့် (၂၄၆၂) အပါအဝင် နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံဖြတ်ကျော်မှုခင်းများ ကျူးလွန်နေ
အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် ကြီးထွားကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်လုပ်ရန် ဓာတုဆေးဝါးမှောင်ခိုတင်သွင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင် သိုလှောင်ခြင်း၊ ပြည်တွင်း၌ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာမူးယစ်ရာဇာများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့ပါကြောင်းနှင့် AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သော အမှု ၉ မှု ပါဝင်ပါကြောင်း၊ ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသော အကျိုးအမြတ်များအနက် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရာတွင် အသုံးပြုပါကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာ လက်နက်မှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်ပြီး လက်နက်ခဲယမ်းနှင့် စိတ်ကြွဆေးပြား လဲလှယ်ခြင်းအပါအဝင် ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်းစသည့် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း ကျူးလွန်နေသည်ကို တွေ့ရှိရပါကြောင်း။
အပြန်အလှန် ချိတ်ဆက်
အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေပါကြောင်း၊ ၂၀၂၅ ခုနှစ်၏ နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်စဉ်များအရ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ စစ်ဆင်ရေးစရိတ်နှင့် လက်နက် ဝယ်ယူရန်ငွေကြေးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ အဓိကရရှိကြခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုမှ ရရှိသော ငွေများကို Crypto-currency အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ခြေရာဖျောက် ခဝါချပြီးနောက် အဆိုပါငွေများအား အကြမ်းဖက်လုပ်ငန်းများ တွင် ပြန်လည်အသုံးပြုခြင်းဖြစ်ပါကြောင်း၊ အဆိုပါမှုခင်းများသည် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်နေခြင်းဖြစ်သဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ၏ အဓိက သော့ချက်သည် သတင်းအချက်အလက်မျှဝေခြင်းနှင့် ဥပဒေကြောင်းအရ အပြန်အလှန် အကူအညီပေးခြင်းတို့ ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေနှင့်အညီ ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဥပဒေများနှင့်အညီ ဖွဲ့စည်းထားပြီးဖြစ်သော ဗဟိုအဖွဲ့များအနေဖြင့် အပြန်အလှန်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် အချက်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ သီးခြားဆောင်ရွက် ချက်များသည် နယ်စပ်ဒေသ၌ ရပ်တန့်သွားနိုင်သော်လည်း နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုသည် အကြမ်းဖက်သမားများအတွက် မည်သည့်နေရာမှ ခိုလှုံရာမရှိစေရန် ဖန်တီးပေးနိုင်ပါကြောင်း၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် သတင်း အချက်အလက်များ မျှဝေခြင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု၏ မူလဇာစ်မြစ်ကို ဖြေရှင်းရန် အတူတကွ လုပ်ဆောင်ခြင်းတို့ ပါဝင်နေပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်သမားများ၊ အကြမ်းဖက် အုပ်စုများနှင့် စပ်လျဉ်းပြီး INTERPOL ၊ ASEANAPOL တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ကုလသမဂ္ဂပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာမဟာဗျူဟာ၊ အာဆီယံအကြမ်းဖက်မှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၊ ဘင်းမ်စတက်ကွန်ဗင်းရှင်းစသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာမူဘောင်များအပေါ် အခြေခံ၍ “အကြမ်းဖက်မှု၊ အစွန်းရောက်အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မူဝါဒရေးရာ လမ်းညွှန်ချက် (မူကြမ်း)” ကို ရေးဆွဲပြီးစီး ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါမူဝါဒရေးရာလမ်းညွှန်ချက်ကို အခြေခံ၍ အမျိုးသား အဆင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဖွဲ့ဝင်များက သဘောထားမှတ်ချက်နှင့် အကြံပြုချက်များအား ဆွေးနွေးပေးပို့ကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ကဏ္ဍအလိုက် တင်ပြဆွေးနွေး
ဆက်လက်၍ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ လက်ရှိဖြစ်ပေါ် လျက်ရှိသော အကြမ်းဖက်မှုများ၊ မှတ်တမ်းတင်ပေးရန် ကိစ္စရပ်များ၊ အတည်ပြုပေးရန်ကိစ္စရပ်များ၊ အမျိုးသား အဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာ ဗျူဟာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို နိဂုံးချုပ်မှာကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3395 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
