အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
Ministry of Information/ Naypyitaw / January 18, 2025
နေပြည်တော် ဇန်နဝါရီ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယန့နံနက် ၉ နာရီခွဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင်ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံသားအချင်းချင်းအကြား တရားမျှတမှုရှိစေရန်နှင့် နိုင်ငံသားနှင့်အစိုးရအကြား တရားမျှတမှုရှိစေရန် ရည်ရွယ်၍ ဥပဒေများကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ ဥပဒေမရှိလျှင် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာမည်ဖြစ်၍ ဥပဒေစိုးမိုးရန်လိုအပ်ပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေဘာသာရပ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေကိုပြည်သူအားလုံးသိရှိပြီး လိုက်နာစေရန်ဖြစ်ကြောင်း၊ ဥပဒေတွင် တိုက်တွန်းဥပဒေနှင့် တားမြစ်ဥပဒေနှစ်မျိုးသာရှိကြောင်း၊ ဝန်ထမ်းတိုင်းသည် မိမိဌာနမှ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ဆက်စပ်ဥပဒေများကို သိရှိနားလည်ရန်လိုသည့်အတွက် ဥပဒေပြန့်ပွားရေးသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
ကော်မရှင်သည် ဥပဒေအရအာဏာအပ်နှင်းခံရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားလိုက်သည့် ဘာသာရပ်များကို ဆင့်ပွားလေ့လာရန်နှင့် ဆင့်ပွားအသိပညာပေးရန်လိုကြောင်း၊ ဝန်ထမ်းတိုင်း ထူးချွန်ထက်မြက်ပြီး လူကောင်းဖြစ်ရန်လိုကြောင်း၊ ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှုမရှိသည့် ပြစ်မှုကျုးလွန်သူများကို ဖော်ထုတ်အရေးယူရသည့်ဌာနဖြစ်၍ ကိုယ်တိုင်ဖြောင့်မတ်တည်ကြည်မှုရှိရန် လိုက်နာဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား ၃၀ ကိုယ်စားသင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3421 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
