အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / March 11, 2026
image_latest


နေပြည်တော် မတ် ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများ အတွက် ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ဝန်ထမ်းများ၏ အခက်အခဲများကို တတ်နိုင်သည့်ဘက်က စဉ်းစားဖြေရှင်းပေးနေပြီး ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင် ဖန်တီးဆောင်ရွက်ပေးလျက်ရှိရာ ဝန်ထမ်းများအနေဖြင့် ဝင်ငွေနှင့်ထွက်ငွေမျှအောင် သုံးစွဲကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ဌာနတွင်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ ဗဟုသုတများကို လက်တွေ့အသုံးချရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်ချက်များကို ပေါင်းစပ်လုပ်ဆောင်နိုင်မှသာ အပြုသဘောဆောင်သည့် ပြောင်းလဲမှုအသစ်များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စုပေါင်းစွမ်းအားဖြင့် ဌာန၊ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ရာ၌ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများတွင်ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်းနှင့် ဗလာမပါ ကံစမ်းမဲဖောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3466 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download