အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုတွင် ပုဂ္ဂလိက ကဏ္ဍကလည်း တက်ကြွစွာပါဝင်


Ministry of Information/ Naypyitaw / June 16, 2025
image_latest


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းရာတွင် သဘာဝပတ်ဝန်းကျင်ဘက်က ပေးဆပ်ရစမြဲဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လူတို့၏ အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်း၊ သယံဇာတအရင်းအမြစ်များ ရှားပါးလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းတို့ ကြုံတွေ့လာရသည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သယံဇာတထုတ်ယူ သုံးစွဲမှုလျော့နည်းကျဆင်းလာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်မလာအောင်တို့ကိုပါ ထည့်သွင်းစဉ်းစားအလေးထားလုပ်ဆောင်လာကြသည်။

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး အခြေခံစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ နိုင်ငံ၏အခြေအနေအရ အစိမ်းရောင်စီးပွားရေးဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်တည်တံ့အောင် ဖော်ဆောင်သွားနိုင်သည်။ အစိမ်းရောင်စီးပွားရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် သယံဇာတအရင်းအမြစ် လျော့နည်းရှားပါးမှုကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်ပြီး တစ်ဖက်တွင်လည်း နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်သည့် စီးပွားရေးပင်ဖြစ်သည်။ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများသည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး နိုင်ငံ၏အရင်းအမြစ်များကိုလည်း ထိရောက်စွာအသုံးပြုသည်။ လူမှုရေးအရလည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှထွက်ပေါ်လာသည့်အကျိုးကျေးဇူးများကို မည်သူမျှမကျန်ရစ်စေဘဲ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားနိုင်ကြရန် အလေးထားသည်။ စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးမျိုးတို့ လျှော့ချနိုင်ရန်ပစ္စည်းများပြန်လည်အသုံးပြုခြင်း (Reuse)နှင့် ပြန်လည်ထုတ်လုပ်အသုံးပြုခြင်း (Recycle)တို့ကို အားပေးသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သာယာသန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့်ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏သဘာဝအရင်းအနှီး သစ်ပင်သစ်တောတွေ ပိုမိုတိုးပွားလာပြီး ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ် ပေါများကြွယ်ဝသလို သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ပေးလျက်ရှိသည့်တိုင်အောင် လက်နက်ကိုင်သောင်းကျန်းသူများနှင့် တရားမဝင်စီးပွားရေးသမားများ၏ ခိုးထုတ်ရောင်းချမှုများ ကြောင့် မြေပေါ်မြေအောက် သယံဇာတများဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ အချို့တရားဝင်လုပ်ကိုင်သူများကလည်း မိမိတို့လုပ်ကိုင်ပြီးသည့်လုပ်ကွက်ဟောင်းများတွင် သစ်တောများပြန်လည်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်ရမည့်တာဝန်များကို ပျက်ကွက်လျက်ရှိကြသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ခပ်စိပ်စိပ်ကြုံတွေ့လာရသည့် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၌ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးကြီးသည့်အလျောက် နိုင်ငံတော်နှင့်အတူပုဂ္ဂလိက ကဏ္ဍကလည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် သယံဇာတထုတ်ယူမှုလျော့နည်းပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည့် အစိမ်းရောင်စီးပွားရေးတွင် အားလုံးပါဝင်မြှင့်တင်ကြရပါမည့်အကြောင်း။ ။

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download