အတူတကွ ရေးထိုးကြရမည့် နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်


Ministry of Information/ Naypyitaw / March 27, 2026
image_latest


အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံတိုင်း မိမိနိုင်ငံကို ကာကွယ်ရေးအတွက် အမျိုးသားတပ်မတော်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ကြရသည်။ ခေတ်သစ်မြန်မာ့တပ်မတော်သည် သာမန်အားဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်မျိုးမဟုတ်ဘဲ နိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်ကြိုးပမ်းမှုမှ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် ခွဲခြား၍မရဘဲ တစ်သားတည်း ဆက်စပ်လျက်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၆ (စ) တွင် “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်။ ဟူ၍ ပြဋ္ဌာန်းထားသကဲ့သို့ ပုဒ်မ ၂၀ (င) နှင့် (စ) တို့တွင် လည်း “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန် ရှိသည်။ ”ဟူ၍လည်းကောင်း၊ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်။ ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်သည့် အလျောက် မြန်မာ့တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးအပေါ်တွင်အခြေခံပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုဖော်ဆောင်သော အမျိုးသားနိုင်ငံရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသကဲ့သို့ ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ကာကွယ်စောင့်ရှောက်ရမည့် အဓိက တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် (ယနေ့) တွင်ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့သည် မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့် အခါသမယနှင့် တိုက်ဆိုင်ပြီး ထူးခြား သည့် အချိန်အခါလည်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ခဲ့ကြသည့် ကိုယ်စားလှယ်များနှင့် လွှတ်တော်များပေါ်ပေါက်လာခဲ့ပြီဖြစ်ပြီး မကြာမီအစိုးရအဖွဲ့ ပေါ်ပေါက်လာခြင်းနှင့်အတူ ဒီမိုကရေစီယန္တရားကြီးလည်း လည်ပတ်လာတော့ မည်ဖြစ်သည်။ ပြည်သူလူထုက မျှော်လင့်ချက်များစွာဖြင့် ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အစွမ်းကုန်ကြိုးပမ်း အားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြရမည့် အချိန်အခါသို့ မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံတွင် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တို့က နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်အတွက် မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လျက်ရှိကြရာ နိုင်ငံအတွက်သာမက ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများပါ ပျက်စီးဆုံးရှုံးကြရသည်။ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၏ လုပ်ရပ်များမှာ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အဖျက်သက်သက်သာဖြစ်သည်တို့ ပိုမိုပေါ်လွင်ထင်ရှားလာပြီး ပြည်သူလူထုကလည်း ပို၍ ရွံရှာစက်ဆုပ်မုန်းတီးကာ ဆန့်ကျင်နေကြပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်အကြမ်းဖက်အဖျက်လုပ်ရပ်များ ရပ်တန့်ရန်နှင့် ထာဝရငြိမ်းချမ်းရေးရရှိရန်လိုသည်။

တစ်ဖက်တွင်လည်း မိမိတို့ မြင်တွေ့နေကြရသည့် ကမ္ဘာကြီး၏ မြင်ကွင်းများက နိုင်ငံတိုင်း မိမိတို့၏အင်အားကို တောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားရန် သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။ နိုင်ငံ၏အင်အားဟူသည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားသုံးရပ်ဖြစ်ပြီး ၎င်းအင်အားတစ်ခုနှင့်တစ်ခုတို့မှာ အပြန်အလှန် မှီခိုဆက်စပ်နေသည်။ ၎င်းအင်အားတို့ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ရာတွင်လည်း ပြည်တွင်းအင်အားကသာ အဓိကဖြစ်သည်။ 

သို့ဖြစ်ရာ မကြာမီ မိမိတို့အားလုံး အတူတကွရေးထိုးကြရတော့မည့် သမိုင်းစာမျက်နှာသစ်တွင် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးတို့ အတူတကွလက်တွဲပြီး ကျရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်သွားကြရပါမည့် အကြောင်း။ ။

Newspaper - 3482 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download