အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူသော အသည်းလူနာနှင့် အသည်းအလှူရှင်များအား ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / December 30, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခုတင် (၅၀၀) အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ သွားရောက်၍ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းလူနာနှင့် အသည်းအလှူရှင် လေးဦးတို့ကို ကြည့်ရှုစစ်ဆေး၍ အစားအသောက်လက်ဆောင်ခြင်းများ ချီးမြှင့်ပေးအပ်သည်။

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၀ ရက်တွင် (၃၈)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် ပြည်မြို့တွင် နေထိုင်သည့် အသက် (၄၉) နှစ်ရှိ အသည်းလူနာအမျိုးသားနှင့် အသက် (၃၉) နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီးမောင်နှမဝမ်းကွဲတို့ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် (၃၉) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက် (၅၈) နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင် အမျိုးသား သားအမိတို့ကိုလည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး အသည်းအလှူရှင်များနှင့် အသည်းလက်ခံသူလူနာများမှာ ကျန်းမာရေးတိုးတက်ကောင်းမွန်လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ခြောက်ထပ် ဆောင်၌ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ဆေးရုံကြီးတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင်ပါဝင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း၌ အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီမှ စိုက်ထုတ်သုံးစွဲရငွေ လျော့ကျစေမည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်နိုင်ရေး မှာကြားသည်။

ထို့နောက် အသည်းအစားထိုးကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ခဲ့ကြသည့် အသည်းအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ အထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3395 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download